ရှန်ဇန်ရဲ့ နည်းပညာ ကုမ္ပဏီကြီး Tencent က တရုတ်မှာ Weixin Palm Payment ကို ပြုလုပ်ပေးလိုက်ပြီး ဖုန်း မလိုဘဲ လက်ဖဝါးကို ဝှေ့ယမ်းလိုက်တာနဲ့ ငွေပေးချေနိုင်ပါတယ်။ အဲဒီအတွက် ဘဏ်ကဒ်တွေ၊ ပိုက်ဆံအိတ်တွေနဲ့ ဖုန်းတွေ မလိုအပ်တော့ပါဘူး။ သင့် လက်ဖဝါးနဲ့ ငွေပေးချေနိုင်ပါတယ်။
အဲဒီစနစ်မှာ လက်ဖဝါးရဲ့ လက်ဗွေရာနဲ့ သွေးကြော Patterns တွေကို အနီအောက်ရောင်ခြည် ကင်မရာကို အသုံးပြုကာ Scan ဖတ်တာ ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း ငွေပေးချေနိုင်ပါတယ်။ ဘေဂျင်းရဲ့ ရထားတွေမှာ အဲဒီ လက်ဖဝါးနဲ့ ငွေပေးချေတဲ့ စနစ်ကို စတင် အသုံးပြုနေပြီ ဖြစ်ပြီး ရထား စီးခ အတွက် ငွေပေးချေတဲ့ ကဒ်နဲ့ စမတ်ဖုန်းတွေ မလိုအပ်တော့ပါဘူး။
Facial Recognition ထက် လက်ဖဝါး ငွေပေးချေတဲ့ စနစ်ဟာ ပိုမို တိကျပြီး အမွှာတွေတောင် လိမ်လည်လို့ မရပါဘူး။ နာမည်ကြီး WeChat App ကို ဖန်တီးထားတဲ့ Tencent ရဲ့ နည်းပညာဟာ လူတွေရဲ့ နေ့စဉ်ဘဝတွေကို တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့ကတော့ လက်ဖဝါးနဲ့ ငွေပေးချေတဲ့ စနစ်ဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးနဲ့ Privacy အတွက် စိုးရိမ်စရာ ဖြစ်ပြီး ဆိုက်ဘာ ရာဇဝတ်သားတွေဟာ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ခိုးယူသွားနိုင်တယ်လို့ ပြောနေကြပါတယ်။
Tencent က အဲဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းပြီး အောင်မြင်အောင် ပြုလုပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : Technology Innovation