OPPO Reno5 5G နဲ့ Reno5 Pro 5G တွေရဲ့ အချက်အလက်အချို့ဟာ တရုတ်စတိုးဆိုင်တွေရဲ့ ဖော်ပြမှုတွေကတစ်ဆင့် ပေါက်ကြားထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် China Telecom ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြလာတာကတော့ ပိုပြီးပြည့်စုံတဲ့အချက်အလက်နဲ့ ရုပ်ပုံကို သိရစေပါတယ်။

China Telecom ကတစ်ဆင့်တွေ့မြင်ရတဲ့ပုံရိပ်တွေအရ ဟန်းဆက်နှစ်မျိုးစလုံးမှာ Curved screen တွေနဲ့ဖြစ်ပါတယ်။ OPPO Reno5 Pro အမျိုးအစားကတော့ ပိုကြီးတဲ့ 6.55-inch အရွယ်အစားမျက်နှာပြင်နဲ့ဖြစ်ပြီး၊ Pro မဟုတ်တဲ့ဗားရှင်းကတော့ 6.43-inch အရွယ်အစားမျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ ဒါကြောင့်မျက်နှာပြင်နှစ်ခုကြား အရွယ်အစားကွာခြားမှုက ကြီးကြီးမားမားပြောပလောက်စရာမရှိပါဘူး။

ဖုန်းနှစ်မျိုးစလုံးမှာ 1080 x 2400 Pixel resolution OLED panel တပ်ဆင်ထားကြတာ ဖြစ်ပြီး၊ Punch-hole တွေနဲ့အတူ 32MP front-facing camera တွေ ပါရှိပါတယ်။ ကနဦးထွက်ထားတဲ့သတင်းတွေအရ Vanilla Reno5 ဟာ Snapdragon 765G နဲ့ဖြစ်ပြီး Pro မော်ဒယ်ကတော့ Dimensity 1000+ chip နဲ့ဖြစ်မယ်လို့ သိရပါတယ်။

Vanilla Reno5 က 8GB/128GB နဲ့ 12GB/256GB အတွဲအဖက်ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းက $500 (၆ သိန်း ၆ သောင်းဝန်းကျင်) နဲ့ $570 (၇ သိန်း ၆ သောင်းဝန်းကျင်) တို့ဖြစ်ပါတယ်။ Reno5 Pro 5G ကလည်း အလားတူ Configuration တွေနဲ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းက $600 (၇ သိန်း ၉ သောင်း ၄ ထောင်ဝန်းကျင်) နဲ့ $660 (၈ သိန်း ၇ သောင်း ၃ ထောင်ဝန်းကျင်) တို့ ဖြစ်ပါတယ်။

China Telecom ရဲ့အတည်ပြုချက်အရ အဓိကကင်မရာဟာ 64MP ဖြစ်ပြီး 8MP ultra-wide နဲ့ 2MP ကင်မရာနှစ်လုံး ပါဝင်မယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,300mAh ပမာဏဖြစ်ပြီး 65W အမြန်အားသွင်းနည်းပညာကိုလည်း ထောက်ပံ့ထားပါသေးတယ်။

Ref: GSM Arena