တရုတ်က ၁ စက္ကန့်မှာ  1.2 Terabits အမြန်နှုန်း ရှိတဲ့ ကမ္ဘာ့ အမြန်ဆုံး အင်တာနက်ကို ပြသလိုက်ပါတယ်။ အဲဒီ နည်းပညာကို Tsinghua University , China Mobile , Huawei နဲ့ CERNET.com Corporation တို့ ပူးပေါင်း ဖန်တီးထားတာပါ။

အဲဒီ အမြန်နှုန်းဟာ လက်ရှိ ကမ္ဘာမှာ သုံးနေတဲ့ အင်တာနက် စနစ်တွေထက် ၁၀ ဆကျော်ပိုမြန်ပြီး ၁ စက္ကန့်မှာ ရုပ်ရှင် ၁၅၀ ကို Download လုပ်နိုင်ပါတယ်။ ဘေဂျင်းက Tsinghua တက္ကသိုလ်မှာ ကျင်းပတဲ့ Conference မှာ ဒီနည်းပညာကို ပြသလိုက်တာပါ။

အဲဒီ အင်တာနက် ကွန်ရက်ဟာ ၃,၀၀၀ ကီလိုမီတာ ဖြန့်ကျက်ထားပြီး Optical Fibre Cable Network နဲ့ ဘေဂျင်း၊ ဝူဟန်နဲ့ ဂွမ်ဇူးကို ချိတ်ဆက်ထားပါတယ်။ Optical Fibre ကြိုးတပ်ဆင်တာကို ဇူလိုင်လက ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသုံးပြုလို့ရခဲ့ပါတယ်။

China launches world's fastest internet with 1.2 terabit per second link,  years ahead of forecasts | Technology & Science News, Times Now

ကမ္ဘာအဝန်းက အင်တာနက် အမြန်နှုန်းဟာ ၁ စက္ကန့်ကို 100 Gigabits ပဲရှိပါတယ်။ အမေရိကန်မှာတောင် အမြန်ဆုံးက ၁ စက္ကန့်မှာ 400 Gigabits ပဲ ရှိပါတယ်။

တရုတ်ရဲ့ အခု ကမ္ဘာ့ အမြန်ဆုံး အင်တာနက်ကို China Education and Research Network (Cernet) နဲ့ China Future Internet Technology Infrastructure (FITI) တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက တီထွင်နေကြတာ ဖြစ်ပါတယ်။

Ref : greekreporter