တရုတ်ရဲ့ BYD Energy Storage က ကမ္ဘာ့ အကြီးမားဆုံး Energy Storage စီမံကိန်းကို တည်ဆောက်ဖို့ Saudi Electricity Company (SEC) နဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ အဲဒီစီမံကိန်းဟာ အရင်က ရထားတဲ့ 2GWh System ကို 12.5GWh ထပ်တိုးပေးမှာ ဖြစ်ပြီး စုစုပေါင်း 15.1GWh ရသွားမှာ ဖြစ်ပါတယ်။

The Top 5: Largest Battery Energy Storage Systems Worldwide - Saur Energy  International

BYD ဟာ ဆော်ဒီအာရေးဗီးယား နိုင်ငံရဲ့ တည်နေရာ ၅ ခုမှာ Solar နဲ့ Wind Power ကို သိုလှောင်ဖို့အတွက် ကုမ္ပဏီရဲ့ CTS နည်းပညာပါတဲ့ MC Cube-T ESS ကို အသုံးပြုထားတဲ့ Battery Energy Storage Systems (BESS) ကို အသုံးပြုမှာ ဖြစ်ပါတယ်။

Canada's Largest Battery Storage Facility Planned in Ontario | Engineering  News-Record

ဒီစီမံကိန်းဟာ ဆော်ဒီအာရေးဗီးယားရဲ့ လျှပ်စစ်ဓါတ်အားကို တိုးတက်စေဖို့ ရည်ရွယ်ထားပြီး ၂၀၃၀ ခုနှစ်အရောက်မှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ၅၀ ရာခိုင်နှုန်း အသုံးပြုမယ့် ဆော်ဒီအာရေးဗီးယားရဲ့ ရည်မှန်းချက်ကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

နေရောင်ခြည်လို ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့အတွက် နိုင်ငံတော်တော်များများမှာ အသုံးပြုဖို့ ကြိုးစားနေကြပါတယ်။

Ref : Tech Explorers