တရုတ်ရဲ့ ပြည်တွင်းဖြစ် ပထမဆုံး ပင်လယ်ကူး သင်္ဘော Adora Magic City ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ရှန်ဟိုင်း ကနေ စတင် ထွက်ခွာလာပါတယ်။ တရုတ်ဟာ မကြာခင်ကလည်း ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် C919 ကို စတင် ပြေးဆွဲခဲ့ပြီး အခု သင်္ဘောဟာ တရုတ်အတွက် နောက်ထပ် သမိုင်းမှတ်တိုင် ၁ ခု ဖြစ်လာပါတယ်။

China's first home-grown large cruise liner undocks in Shanghai in breakthrough for shipbuilding, high-end manufacturing | South China Morning Post

Adora Magic City ကို ၄ နှစ်နီးပါး အချိန်ယူတည်ဆောက်ခဲ့ပြီး ပင်လယ်မှာ စတင် စမ်းသပ်မောင်းနှင်တော့မှာပါ။ သင်္ဘောကို တရုတ် နိုင်ငံပိုင် China State Shipbuilding Corporation လက်အောက်က Shanghai’s Waigaoqiao Shipbuilding က တည်ဆောက်ထားတာပါ။

China's First Domestically Built Large Cruise Ship Undocks In Shanghai

သင်္ဘောဟာ အရှည် ၃၂၃.၆ မီတာနဲ့ အလေးချိန် ၁၃၅,၅၀၀ တန် ရှိပါတယ်။ အခန်းပေါင်း ၂,၁၂၅ ပါရှိပြီး လူ ၅,၂၄၆ ယောက် လိုက်ပါနိုင်ပါတယ်။ ၂၄ ထပ်တိုက် အမြင့်ရှိပြီး ကုန်းပတ် ၁၄ ခု ပါပါတယ်။ အများပြည်သူ သွားလာနိုင်တဲ့ ဧရိယာက ၄၀,၀၀၀ စတုရန်း မီတာ ရှိပါတယ်။ 5G ဆက်သွယ်မှု ပါတဲ့ ကမ္ဘာ့ ပထမဆုံး ပင်လယ်ကူး သင်္ဘော ဖြစ်ပါတယ်။

ဇူလိုင်လမှာ စတင် စမ်းသပ် မောင်းနှင်ဖို့နဲ့ ဩဂုတ်လမှာ ဒုတိယအကြိမ် စမ်းသပ် မောင်းနှင်ဖို့ စီစဉ်ထားပါတယ်။ ၂၀၂၃ ခုနှစ်ကုန်မှာ သင်္ဘောကို စတင် ရောင်းချမှာပါ။ တရုတ်ဟာ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ဖင်လန်တို့ပြီးနောက် အရွယ်ကြီး ပင်လယ်ကူး သင်္ဘော တည်ဆောက်နိုင်တဲ့ ပဌ္စမမြောက်နိုင်ငံဖြစ်လာပါတယ်။ ကမ္ဘာ့ သင်္ဘောထုတ်လုပ်တဲ့ နယ်ပယ်မှာ တရုတ်ဟာ ဦးဆောင်နိုင်အောင် ကြိုးစားနေပါတယ်။

Ref : gizmochina