Google ဟာ အခုအချိန်မှာ Chrome OS အတွက် Variable Refresh Rate ကို စတင် Support ပြုလုပ်ဖို့ စမ်းသပ်နေပြီဖြစ်ပါတယ်။ အခုစမ်းသပ်မှုဟာ Chrome OS 101 Dev Channel မှာ ဖြစ်ပြီး နောက်ပိုင်းမှာ Beta နဲ့ Stable Channel တွေမှာပါ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။
အဆိုပါသတင်းကိုတော့ About Chromebooks မှ Kevin Tofel ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Chrome OS မှာရှိတဲ့ “://flags#enable-variable-refresh-rate” ကနေ Enable ပြုလုပ်ရမှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Chromebook Display တိုင်းမှာ အသုံးပြုနိုင်မှာမဟုတ်ဘဲ တချို့သော Capable Display တွေပဲအသုံးပြုနိုင်မယ်လို့ သိရပါတယ်။
အခုလိုမျိုး Variable Refresh Rate ကို Support ပြုလုပ်လာတာကြောင့် Display ရဲ့ Refresh Rate ကို Screen ကနေ ဖော်ပြနေတဲ့ Frame Per Second နဲ့ Sync ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါက Screen Tearing ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Google ကနေ အခုလိုမျိုး Variable Refresh Rate ကို Support စတင်ပြုလုပ်လာတာက မကြာသေးခင်တုန်းကမှ ကြေညာခဲ့တဲ့ Chrome OS မှာ Steam ကို စတင်အသုံးပြုနိုင်တော့မယ့်အချိန်နဲ့ သွားပြီး တူညီနေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ Gaming Chromebook တွေကိုလည်းတွေ့မြင်ရဖွယ်ရှိနေပါတယ်။
နောက်ထပ် Variable Refresh Rate ပါဝင်တာရဲ့ အားသာချက်တစ်ခုကတော့ လိုအပ်သလောက်ပဲ Screen ကို Refresh Rate ပြုလုပ်မှာဖြစ်တာကြောင့် Battery Life ကလည်း ပိုပြီး ကြာရှည်ခံလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် High Refresh Rate Chromebook တွေကို မြင်တွေ့ရဖို့ ကျိန်းသေနေပါပြီ။
Ref – The Verge