Nothing CMF Phone 1 ပေါက်ကွဲမှုကြောင့် အိန္ဒိယနိုင်ငံ Maharashtra မှ လူတစ်ယောက် သေဆုံးပြီး နောက်တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားပါတယ်။ အဲဒီလူ ၂ ယောက်ဟာ မော်တော်ဆိုင်ကယ် စီးနေတုန်း ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် ဘက်ထရီ အပူလွန်ကဲပြီး ပေါက်ကွဲတာ ဖြစ်နိုင်ပါတယ်။

CMF Phone 1 by Nothing review - GSMArena.com tests

ဖြစ်ပုံက ဒီလိုပါ။ အဲဒီ လူ ၂ ယောက်ဟာ ဆိုင်ကယ်စီးပြီး Sangli ကို သွားခဲ့ကြတာပါ။ အဲဒီအချိန်မှာ ဖုန်း ပေါက်ကွဲပြီး ဆိုင်ကယ်ကို ထိန်းချုပ်လို့ မရတော့ဘဲ လူ တစ်ယောက် သေဆုံးပြီး နောက်တစ်ယောက် ဒဏ်ရာရသွားတာပါ။

Nothing က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကို မပြောသေးပါဘူး။ ကုမ္ပဏီက မကြာခင်မှာ အသေးစိတ်ကို ကြေညာနိုင်ပြီး နောက်ထပ် မဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။

Nothing CMF Phone 1 review: Budget-friendly but high on customization | Mint

Nothing ဟာ CMF Phone 1 ကို ဒီနှစ် အစောပိုင်းမှာ ရောင်းချခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ အနောက် ကာဗာကို ဖြုတ်နိုင်အောင် ပြုလုပ်ထားပြီး တွဲသုံးနိုင်တဲ့ Accessory များစွာ ထုတ်လုပ်ပေးထားပါတယ်။

စမတ်ဖုန်းတွေ မီးလောင်ပေါက်ကွဲမှုဟာ ဖြစ်ခဲပေမယ့် နာမည်ကြီး Brand တွေတောင် ဖြစ်ကြပါတယ်။ အများစုက ဘက်ထရီ အပူလွန်ကဲတာကြောင့် ဖြစ်ပါတယ်။

Ref : news 18