Coinbase ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး NFT Wallet တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ အခုလည်း Coinbase ကနေ သူ့ရဲ့ NFT Marketplace ကို Limited Beta အနေနဲ့ စတင်ထုတ်ပေးနေပြီဖြစ်ပြီး Waitlist တင်သွင်းထားပြီး စောင့်ဆိုင်းနေတဲ့သူတွေအတွက် စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

ထူးခြားတာတစ်ခုက Coinbase က ပြုလုပ်တဲ့ NFT Marketplace ဟာ ပုံမှန် NFT Marketplace ထက် Social Media တစ်ခုလိုမျိုး ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုတဲ့အချိန်မှာ Instagram လိုမျိုးပဲ NFT တွေကို Like ၊ Comment ပြုလုပ်နိုင်သလို Algorithmic Feed တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။

Coinbase ရဲ့ ပြောကြားချက်အရတော့ အခု NFT Marketplace ရဲ့ Discover Feed ဟာ ကိုယ့်ရဲ့ NFT ဝယ်ယူမှုတွေ၊ Trending ဖြစ်မှုတွေ၊ Follow ပြုလုပ်ထားသူတွေနဲ့ တခြားသောအချက်တွေအပေါ်မှုတည်ပြီး ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။ တကယ်လို့ ကိုယ်ကြိုက်တဲ့ NFT တွေရှိတယ်ဆိုရင်လည်း Favorite အနေနဲ့ သတ်မှတ်ထားနိုင်ပါတယ်။

Coinbase NFT Marketplace မှာ ဝယ်ယူဖို့အတွက်ကတော့ Shop Tab ရှိမှာဖြစ်ပြီး လောလောဆယ်မှာ Ethereum Blockchain တစ်ခုတည်းကိုပဲ ထောက်ပံ့ပေးသွားဦးမှာဖြစ်ပါတယ်။ Wallet အနေနဲ့ကတော့ နာမည်ကြီး MetaMask လိုမျိုး Wallet တွေအပြင် Coinbase က Support ပြုလုပ်တဲ့ Wallet အကုန်လုံးကို အသုံးပြုနိုင်မှာပါ။

လက်ရှိအချိန်မှာ NFT စျေးကွက်ဟာ ယခင်တုန်းကထက် ကျဆင်းနေပြီဖြစ်သလို Coinbase NFT Marketplace ဟာလည်း အရေးပါတဲ့ Feature တွေအများအပြားပါဝင်ခြင်းမရှိသေးတာကြောင့် တခြားသော OpenSea လိုမျိုး NFT Marketplace တွေကို ယှဥ်ပြိုင်ဖို့ အချိန်လိုအပ်ဦးမှာပါ။

Ref – The Verge