Motorola က Edge 50 Neo ကို ကြေညာလိုက်ပြီး အရွယ်အစား ကျစ်လစ်သေးငယ်ပါတယ်။ 6.4” 120Hz FHD+ OLED LTPO Display တပ်ဆင်ထားပြီး 3,000 Nits Brightness ထောက်ပံ့ထားပါတယ်။ Display ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

Motorola Edge 50 Neo မှာ 4nm MediaTek Dimensity 7300 Chipset မောင်းနှင်ထားပြီး 8GB , 12GB RAM နဲ့ 256GB , 512GB Storage ထည့်သွင်းထားပါတယ်။ 68W TurboPower Wired နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 4,310mAh Battery ပါလာပါတယ်။

အနောက်ဘက်မှာ 50MP Main , 13MP Ultrawide နဲ့ 10MP 3x Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ Jungle Green ,  Peach Fuzz , Vegan Suede နဲ့ Koala Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Motorola Edge 50 Neo ကို ဥရောပနိုင်ငံတွေမှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄၉၉ ယူရို သတ်မှတ်ထားပါတယ်။ အာရှနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာလည်း ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena