Apple နဲ့ Samsung ဟာ ဒီနှစ် ကွာတား ၁ ရဲ့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ၁၀ လုံးစာရင်းမှာ မင်းမူထားတယ်လို့ Counterpoint Research ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ စာရင်းမှာ ကုမ္ပဏီ ၁ ခုချင်းစီရဲ့ ဖုန်း ၅ လုံးပါနေပါတယ်။ Apple iPhone 15 Pro Max ကတော့ ရောင်းအားအကောင်းဆုံး ဖြစ်နေပြီး နံပါတ် ၂ နေရာမှာ iPhone 15 နဲ့ နံပါတ် ၃ နေရာမှာ iPhone 15 Pro ရှိနေပါတယ်။

CR: Apple iPhone 15 Pro Max is the best-selling smartphone for Q1 '24

စစ်တမ်းက လူတွေဟာ 5G ကို ပိုအသုံးများလာကြပြီး စာရင်းထဲမှာ ပါတဲ့ ဖုန်း ၁၀ လုံးစလုံးမှာ 5G ပါပါတယ်။ ဒါ့အပြင် လူတွေဟာ ပရီမီယမ် စမတ်ဖုန်းတွေကို ပိုနှစ်သက်လာကြပြီး စာရင်းထဲမှာ ပါတဲ့ ဖုန်း ၇ လုံးဟာ ဒေါ်လာ ၆၀၀ အထက် ဖြစ်ပါတယ်။

Apple unveils iPhone 15 Pro and iPhone 15 Pro Max - Apple

iPhone  Pro Series ဟာ လူကြိုက်များမှု ပိုများလာပါတယ်။ ၂၀၂၀ ခုနှစ်မှာ Pro ဖုန်းတွေရဲ့ ဈေးကွက်ဝေစုဟာ ၂၄ ရာခိုင်နှုန်းရှိခဲ့ပြီး အခုနှစ် ကွာတား ၁ မှာ ၆၀ ရာခိုင်နှုန်းရှိလာပါတယ်။

အခုစာရင်းထဲမှာ Samsung Galaxy S24 နဲ့ S24 Ultra ပါလာပြီး Galaxy AI ကြောင့်လို့ သုံးသပ်ထားပါတယ်။ အဲဒီဖုန်းတွေမှာ Galaxy AI ကို တခြား ဖုန်းအဟောင်းတွေထက် ၁ လစောကာ ရရှိထားတာ ဖြစ်ပါတယ်။

Counterpoint က လူတွေဟာ စမတ်ဖုန်းတွေကို ကာလရှည်ကြာ ကိုင်လာကြတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ကာလရှည်ကြာ Software Update ရတဲ့ စွမ်းရည်မြင့် တန်ဖိုးကြီး စမတ်ဖုန်းတွေကို ပိုမို ဝယ်ယူလာကြပါတယ်။

Ref : gsmarena