Counterpoint Research က ၁,၁၉၉ ဒေါ်လာနဲ့ ရောင်းတဲ့ iPhone 15 Pro Max ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ကို တွက်ချက်ပေးလိုက်ပါတယ်။ 256GB မော်ဒယ်ရဲ့ အစိတ်အပိုင်းတွေဟာ ၅၀၂ ဒေါ်လာပဲ ရှိတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။ A17 Processor နဲ့ Telephoto ကင်မရာ အသစ်က အရင်မျိုးဆက်ထက် ဈေးပိုကြီးသွားပါတယ်။

 iPhone 15 Pro Max vs. iPhone 14 Pro Max

iPhone 15 Pro Max ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ၁,၁၉၉ ဒေါ်လာနဲ့ပဲ ရောင်းတဲ့ iPhone 14 Pro Max 256GB ထက် ၃၇.၇ ဒေါ်လာ ပိုများလာပါတယ်။

A17 Pro Chip ဟာ A16 Bionic ထက် ၃၀ ဒေါ်လာ ပိုများလာပြီး 3nm Process နည်းပညာကြောင့် ဖြစ်ပါတယ်။

Apple iPhone 15 Pro and 15 Pro Max - what to expect? - GSMArena.com news

Periscope Telephoto ကင်မရာဟာ iPhone တွေအတွက် ပထမဆုံး ဖြစ်ပါတယ်။ Lante Optics က အဲဒီ ကင်မရာကို ထုတ်လုပ်ပေးထားပြီး Cirrus Logic နဲ့ LG Innotek က 3D Sensor-shift Stabilization ကို ထောက်ပံ့ပေးထားပါတယ်။

Apple က iPhone 15 Pro Max ရဲ့ RAM ကို တိုးမြှင့်ပေးထားပြီး အရင်မျိုးဆက်မှာ 6GB RAM ပဲ ပါလာပေမယ့် iPhone 15 Pro Max မှာ 8GB RAM ထည့်သွင်းပေးထားပါတယ်။

iPhone 15 Pro Max ရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်တွေထဲမှာ သုတေသနပြုလုပ်တဲ့ ကုန်ကျစားရိတ်တွေ ထည့်သွင်းမထားတာကို သတိပြုပါ။

ref : gsmarena