California Public Utility Commission (CPUC) က General Motor ရဲ့ မောင်းသူမဲ့ ကား ကုမ္ပဏီ Cruise ကို မောင်းသူမဲ့ တက္ကစီတွေ ပြေးဆွဲခွင့်ပေးလိုက်ပါတယ်။ စက်ရုပ် တက္ကစီတွေဟာ ခရီးသည်တွေကို လိုရာခရီး ပို့ဆောင်ပေးမှာပါ။

CPUC က မောင်းသူမဲ့ ကားတွေ စမ်းသပ်မောင်းနှင်တဲ့ အစီအစဉ်မှာ Cruise က အစောဆုံးဝင်လာတာပါလို့ပြောပါတယ်။  အခု စမ်းသပ်ပြေးဆွဲမယ့် အစီအစဉ်မှာ Cruise ဟာ ခရီးသည်တွေဆီက အခကြေးငွေ ယူမှာ မဟုတ်ပါဘူး။ ကုမ္ပဏီက စမ်းသပ်ပြေးဆွဲတဲ့ အခြေအနေတွေကို ၃ လ ၁ ခါ CPUC ကို တင်ပြရမှာပါ။

Cruise ဟာ ဆန်ဖရန်စစ္စကိုမှာ မောင်းသူမဲ့ ကားတွေ စမ်းသပ်နေတာ ကြာနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ လကတော့ ခရီးသည်တွေဆီက အခကြေးငွေ ရယူဖို့ ပါမစ်တောင်းခဲ့ပါတယ်။ ကုမ္ပဏီဟာ စတီယာရင်၊ ခြေနင်းနဲ့ တခြား ထိန်းချုပ်ခလုတ်တွေ မပါတဲ့ Cruise Origin နမူနာမောင်းသူမဲ့ ကားကို ပြီးခဲ့တဲ့ နှစ်က ပြသခဲ့ပါတယ်။ ၂၀၂၃ အစောပိုင်းမှာ GM ရဲ့ Detroit-Hamtramck စက်ရုံကနေ စတင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Cruise အပြင် Google ရဲ့ Waymo ၊ Amazon ရဲ့ Zoox နဲ့ Aurora အပါအဝင် ကုမ္ပဏီပေါင်း ၅၅ ခုဟာ ကယ်လီဖိုးနီးယားမှာ မောင်းသူမဲ့ ကားတွေ စမ်းသပ်ခွင့် ပါမစ် ရထားပါတယ်။ ဒါပေမယ့် Nuro ကုမ္ပဏီ ၁ ခုထဲကပဲ အခကြေးငွေနဲ့ စီးပွားဖြစ်လုပ်ကိုင်ခွင့်ရထားတာပါ။

Microsoft ဟာ Cruise နဲ့ ရေရှည် လက်တွဲမယ်လို့ ဇန်နဝါရီလက ကြေညာခဲ့ပြီး ဒေါ်လာ ၂ ဘီလီယမ် ရင်းနှီးမြှပ်နှံထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် Cruise ရဲ့ တန်ကြေးဟာ ဒေါ်လာ ၃၀ ဘီလီယမ် ဖြစ်လာပါတယ်။

Ref : theverge