Google Contact ဟာ လက်ရှိ Android စမတ်ဖုန်းတွေထဲမှာအကောင်းဆုံး Cloud Contact Backup ပြုလုပ်ပေးနိုင်တဲ့ Service တစ်ခုလို့တောင် သတ်မှတ်နိုင်မှာပါတယ်။ ဘာကြောင့်လဲဆိုရင် Gmail Account ရှိတာနဲ့တင် ဖုန်းတကယ်လို့ ပျောက်သွားတယ်ဆိုရင်တောင်မှ Contact တွေကို အလွယ်တကူပြန်လည် ရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။
Google Contact မှာ သိမ်းထားတဲ့ Contact တွေဟာ လက်ရှိအချိန်မှာ မှားပြီးဖျက်မိလိုက်တယ်ဆိုရင် လုံးဝပျက်သွားပြီးတော့ ပြန်လည် Recover ပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာပြောင်းလဲသွားတော့မှာပါ။
ဘာကြောင့်လဲဆိုရင် Google ကနေ Google Contact မှာ မှတ်ထားတဲ့ Contact တွေကို မှားယွင်းပြီးဖျက်မိတယ်ဆိုရင်တောင်မှ ပြန်လည် Recover ပြုလုပ်နိုင်တဲ့ Feature ကိုထည့်ပေးတော့မှာကြောင့် ဖြစ်ပါတယ်။ အဆိုပါ Feature ကိုတော့ Trash လို့နာမည်ပေးထားပြီး လက်ရှိကွန်ပျုတာတွေမှာ Recycle Bin လိုမျိုးနဲ့ ဆင်တူမှာဖြစ်ပါတယ်။
အဆိုပါ Feature က ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုရင် မှားယွင်းဖျက်မိလိုက်တဲ့ Contact တွေကို ရက် ၃၀ ခန့်အထိ Trash ထဲမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Trash Folder ထဲက မှားဖျက်မိတဲ့ Contact တွေကို Website မှာဝင်ကြည့်ပြီး Recover ပြုလုပ်နိုင်မှာပါ။
လောလောဆယ်မှာတော့ Google ကနေ အဆိုပါ Feature ကို မကြာခင်မှာ Website မှာထုတ်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Mobile App အတွက်ပါ ရရှိလာမယ်လို့သိရပါတယ်။
Ref – Gizmo China