Dell က CES 2021 မတိုင်ခင်မှာ ထုတ်ကုန် အသစ်တွေကို ကြေညာလိုက်ပြီး အများစုက Latitude 9000 , 7000 နဲ့ 5000 စီးရီး အသစ်တွေ ဖြစ်ပါတယ်။ Latitude 9000 မှာ နောက်ဆုံးထုတ် Intel 11th Gen Processor ထည့်သွင်းထားပြီး အမိုက်ဆုံးက Privacy အသားပေး Webcam ပါလာတာပါ။

Dell announces new Latitude 9000, 7000 and 5000 laptops

Latitide 9420 နဲ့ 9520 လက်ပ်တော့တွေမှာ SafeShutter ကင်မရာ တပ်ဆင်ထားပြီး အသုံးမပြုတဲ့အချိန်မှာ ကင်မရာကို ပိတ်ထားပေးပါတယ်။ အဲဒီအတွက် အွန်လိုင်း အစည်းအဝေးလုပ်နေတဲ့အချိန်၊ ဗီဒီယို ဖုန်းပြောတဲ့ အချိန်တွေမှာပဲ ကင်မရာက အလုပ်လုပ်ပါတယ်။

Dell introduces new premium Latitude 9000 series, packing Qualcomm 5G in the 9510 - Neowin

အဲဒီ လက်ပ်တော့တွေရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပေမယ့် Latitude 9000 Series အသစ်တွေမှာ နေအိမ်ကနေ အလုပ်လုပ်၊ စာသင်ဖို့ ကောင်းအောင် လက်ပ်တော့လိုရော၊ တက်ဘလက်လိုပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဥပမာအနေနဲ့ ကင်မရာနဲ့ စပီကာ အရည်အသွေးကို အသားပေး ဖန်တီးပေးထားပါတယ်။ Latitude 9420 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၉၄၉ ဒေါ်လာ သတ်မှတ်ထားပြီး ၂၅ သိန်းလောက်ရှိတဲ့အတွက် ဈေးကတော့ မသေးပါဘူး။ 9520 နဲ့ 9420 ရဲ့ ဈေးနှုန်းတွေကို မသိရသေးပါဘူး။

7520 က မျက်နှာပြင် အကြီးဆုံး ဖြစ်ပြီး ၁၅ လက်မ 4K UHD မျက်နှာပြင်နဲ့ Full HD Web ကင်မရာ ထည့်သွင်းထားပါတယ်။ ၁,၆၄၉ ဒေါ်လာ သတ်မှတ်ထားပြီး ၂၁ သိန်း ၈ သောင်းလောက် ကျသင့်ပါတယ်။ ဒီလ ၁၂ ရက်နေ့ ရောင်းချမှာပါ။

Ref : gsmarena