တကယ်လို့ သင်က တီထွင်ဖန်တီးရတာကို ကြိုက်နှစ်သက်တယ်၊ Creative ဖြစ်တဲ့အလုပ်တွေကို လုပ်နေရတယ်ဆိုရင် ကျိန်းသေပေါက် အသုံးပြုရတဲ့ ကွန်ပျူတာကပါ သင့် Creativity ကို လိုက်နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး Creator တွေအတွက်သာမက သင့်ရဲ့ Entertainment Lifestyle ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ့် Laptop တစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့ အခုပြောသွားမယ့် Article လေးကတော့ သင့်အတွက်ဖြစ်စေမှာပါ။

ဘာကြောင့် Creator တွေအနေနဲ့ ကွန်ပျူတာတစ်လုံးကောင်းကောင်းရှိဖို့လိုအပ်သလဲဆိုတာကိုတော့ အထွေအထူးပြောနေစရာမလိုပါဘူး။ အသုံးပြုရတဲ့ Software တွေကို ကောင်းကောင်းလိုက်နိုင်တဲ့ Performance ရှိဖို့ကအရေးကြီးသလို ကြည့်ရှုတဲ့အချိန်မှာလည်း Display က ရုပ်ထွက်အဆင်ပြေနေဖို့ လိုအပ်ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ အပြင်သွားရတဲ့အချိန်မှာ ယူဆောင်သွားဖို့အတွက် ပေါ့ပါးနေဖို့လိုအပ်သလို ကိုယ့် Professional Lifestyle ကို ထင်ဟပ်နေတဲ့ ဒီဇိုင်းဟန်တစ်ခုရှိဖို့ကလည်း ကျိန်းသေအရေးကြီးပါတယ်။ ပြောရမယ်ဆိုရင် Premium Experience ကို ပေးစွမ်းနိုင်ဖို့က အဓိကကျနေမှာဖြစ်ပါတယ်။

ဒီလိုမျိုး အပေါ်မှာပြောထားတဲ့အချက်တွေနဲ့ ကိုက်ညီပြီး Creator တွေအတွက် အဆင်ပြေဆုံးဖြစ်နိုင်တဲ့ Laptop လေးကတေ့ာ Dell ကနေ ထုတ်လုပ်ထားတဲ့ XPS 13 9310 Model လေးပဲဖြစ်ပါတယ်။ Dell XPS လို့ ဆိုလိုက်တာနဲ့ တကယ်ကို Premium ဆန်ပြီး ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ Feature တွေ၊ Design တွေက အရမ်းကိုစိတ်ကျေနပ်မှုရရှိစေတဲ့ Laptop ဆိုတာကတော့ လူတိုင်းသိပြီးဖြစ်မှာပါ။


ဘာကြောင့် အခု Dell XPS 13 9310 Laptop ကို ညွှန်းပေးရသလဲဆိုရင်တော့ အဓိကအနေနဲ့ Performance ပိုင်းမှာ Intel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ 11th Gen Intel® Core™ Processors ကို သုံးထားလို့ပဲ ဖြစ်ပါတယ်။ XPS 13 9310 ကို Intel® Core™ i5 processor အပြင် Intel® Core™ i7 processor နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ Memory အနေနဲ့လည်း 8GB နဲ့ 16GB ကိုယ့်စိတ်ကြိုက်ပမာဏကို ရွေးချယ်နိုင်သလို High Speed 4267MHz LPDDR4X Memory ကို အသုံးပြုထားပြီး Storage ပိုင်းအနေနဲ့ကလည်း High Speed PCI-E SSD ကိုပဲ အသုံးပြုပေးထားတာဖြစ်ပါတယ်။

Creator တွေအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Graphic ပိုင်းမှာလည်း Dell XPS 13 9310 ဟာ Intel® Iris® Xe Graphics ကို သုံးစွဲပေးထားတာကြောင့် Photo Editing နဲ့ Video Editing ပိုင်းတွေမှာ ပိုမိုစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

Dell XPS 13 9310 ဟာ အပြင်သွားတဲ့အချိန် သယ်သွားမယ်ဆိုရင်လည်း လုံးဝမသိသာအောင် ပါးလွှာပေါ့ပါးနေမှာဖြစ်ပါတယ်။ အိတ်ထဲကို အလွယ်တကူထည့်သယ်သွားရုံပါဘဲ။ ဒီလိုမျိုး မြင့်မားတဲ့စွမ်းဆောင်ရည်ကို အလွန်ပါးလွှာတဲ့ 14.8mm အထူနဲ့ အလေးချိန် 1.2Kg (2.6lb) ပဲရှိတဲ့ကိုယ်ထည်မှာ ရအောင် ထည့်ထားပေးနိုင်တာက အရမ်းကို အထင်ကြီးဖို့ကောင်းနေပါတယ်။ Dell ရဲ့ ပြောကြားချက်အရဆိုရင် ယခင်ထက်တောင် ၆ ရာခိုင်နှုန်းခန့် ပိုပြီးပါးလွှာနေတာဖြစ်ပါတယ်။ (https://www.dell.com/th/p/xps-13-9310-laptop/pd)

Design ပိုင်းတင် ပါးလွှာပေါ့ပါးတာမဟုတ်ဘဲ ကိုယ်ထည်ကလည်း 100% CNC Machine Aluminum Design ကို အသုံးပြုထားတာဖြစ်ပါတယ် (https://www.dell.com/th/p/xps-13-9310-laptop/pd) ။ အဲ့ဒီအတွက် လုံးဝကို လှပသေသပ်နေမှာဖြစ်သလို Build Quality ပိုင်းမှာလည်း ပိုပြီးအကြမ်းခံနိုင်ဦးမှာပါ။ Keyboard Area တွေကိုလည်း Sport Car တွေလိုမျိုး Carbon Fiber Design လုပ်ပေးထားတာကလည်း Creator တွေအတွက် လုံးဝကို တမူကွဲထွက်နေစေမှာဖြစ်ပါတယ်။

Laptop ကို ဖွင့်ရလွယ်ကူအောင် ဒီဇိုင်းဖန်တီးထားပြီး Touchscreen ကို အသုံးပြုရင်တောင်မှ 91.5% Screen-to-Body Ratio ရှိနေတဲ့ 4-sided InfinityEdge Display ကြောင့် Stable ဖြစ်နေမှာပဲဖြစ်ပါတယ်။ Screen Size 13.4” ကိုမှ 16:10 Aspect Ratio အနေနဲ့ ပြုလုပ်ထားပြီး ဘေးဘက်ထောင့် ၄ ထောင့်စလုံးဟာ တကယ်ကို Bezel-less Experience ကို ပေးစွမ်းနိုင်တဲ့အထိ ပါးလွှာနေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ယခင်ထက် Display က ၆.၈ ရာခိုင်နှုန်း ကြီးမားလာတယ်ဆိုပေမယ့် Laptop အရွယ်အစားကို ယခင်ထက် ၂ ရာခိုင်နှုန်းပိုမိုသေးငယ်အောင် ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။ (https://www.dell.com/th/p/xps-13-9310-laptop/pd)

Dell XPS 13 9310 ရဲ့ Display က High End စမတ်ဖုန်းတစ်လုံးကို အသုံးပြုနေရတဲ့အတိုင်း တွေ့ကြုံခံစားရမှာပဲ ဖြစ်ပါတယ်။ ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက်လည်း Display ကို Corning Gorilla Glass 6 နဲ့ ကာကွယ်ပေးထားပါသေးတယ်။ Display Quality ပိုင်းမှာဆိုရင်လည်း Full HD+ သို့မဟုတ် 4K Option ရွေးချယ်နိုင်သလို Brightness ပိုင်းမှာလည်း 500Nits အထိရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အပြင်ဘက်မှာ အသုံးပြုဖို့အတွက် သင့်တော်သလို HDR Content တွေကြည့်ရှုတဲ့အချိန်မှာလည်း Dolby Vision ကိုပါ Support ပေးနိုင်တဲ့အတွက် တကယ်ကို Immersive ဖြစ်တဲ့ Viewing Experience တစ်ခုကို ရရှိစေမှာပါ။

အခုလိုမျိုး Display ပိုင်းမှာ အကောင်းဆုံး Viewing Experience ကိုရရှိစေမှာဖြစ်တာကြောင့် Dell XPS 13 9310 ဟာ Creator တွေအတွက်တင်မဟုတ်ဘဲ ပုံမှန် ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်တာလိုမျိုးကို ကြိုက်နှစ်သက်တဲ့ Entertainment ချစ်သူတွေအတွက်လည်း အလွန်အဆင်ပြေစေမှာဖြစ်ပါတယ်။ အထူးသဖြင့် Netflix လိုမျိုး Dolby Vision Support ပြုလုပ်တဲ့ Streaming Service တွေနဲ့ပါ တွဲဖက်လိုက်မယ်ဆိုရင် XPS 13 9310 က ကိုယ်ပိုင် Movie Theater လေးတစ်ခုတောင် ဖြစ်နေဦးမှာပါ။

ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်းတင် Dell XPS 13 9310 က အကောင်းဆုံးဖြစ်နေတာမဟုတ်ပါဘူး။ Battery Life အနေနဲ့လည်း 4-cell 52WHr Smart Li-ion Battery ဟာ Full HD+ Model မှာ ဆက်တိုက်အသုံးပြုချိန် ၁၄ နာရီ ၁၁ မိနစ်အထိ ရရှိထားတာဖြစ်ပါတယ်။ ဒါက အသုံးပြုတဲ့အပေါ်မှာမူတည်ပြီးတော့ အနည်းငယ်ကွာခြားနိုင်တယ်ဆိုပေမယ့် ကျိန်းသေတာကတော့ တစ်နေကုန်စိတ်ကြိုက်အသုံးပြုနိုင်မယ့် Battery Life တစ်ခုရှိနေမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature ပိုင်းမှာလည်း Dell XPS 13 9310 မှာ အစုံအလင်ပါဝင်နေဦးမှာဖြစ်ပါတယ်။ Unlock ပြုလုပ်ဖို့အတွက် Windows Hello Face Unlock ကို အသုံးပြုနိုင်သလို Fingerprint Sensor ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Webcam အပြင် Waves MaxxAudio Pro နည်းပညာကို အသုံးချထားတဲ့ Stereo Speaker Setup လည်း ထည့်သွင်းထားပါသေးတယ်။ ဒီလိုမျိုး အကောင်းစား Speaker Setup ကို အသုံးပြုထားတာကြောင့် ရုပ်ရှင်ကြည့်တဲ့အချိန်၊ သီချင်းနားထောင်တဲ့အချိန်မှာလည်း အရွယ်အစားသေးငယ်ပေမယ့် အရည်အသွေးကောင်းတဲ့ အသံထွက်ကို ရရှိစေမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Entertainment ပိုင်းမှာလည်း XPS 13 9310 က အားသာနေဦးမှာပါ။

Connectivity ပိုင်းမှာလည်း Wi-Fi 6 ၊ Bluetooth 5.1 တွေထောက်ပံ့ပေးထားပြီး Ports တွေအနေနဲ့ကလည်း USB-C Thunderbolt 4 Port ၂ ခု ၊ MicroSD Card Reader နဲ့ 3.5mm Headphone Jack တွေပါဝင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Performance ၊ Design ၊ Display နဲ့ Feature ပိုင်းအကုန်လုံးမှာ တကယ်ကို Premium Experience ရရှိစေပြီး Creator တွေတင်မဟုတ်သေးဘဲ Entertainment ပိုင်းအသုံးပြုချင်တဲ့သူတွေအတွက်ပါ စိတ်ကြိုက်ဖြစ်စေမယ့် Dell XPS 13 9310 ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ နီးစပ်ရာ Dell Authorized Reseller ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Dell ကနေပြီးတော့ “BE SMART, BUY SMART အစီအစဉ်လေးကို ဝယ်ယူအားပေးသူတွေအနေနဲ့ စစ်မှန်တဲ့ အရည်အသွေးနဲ့ စစ်မှန်တဲ့ထုတ်ကုန်တွေကို ဝယ်ယူရရှိနိုင်အောင် ပြုလုပ်ထားတဲ့အတွက် ယခု Website Link (https://bit.ly/3bXiooY) မှာရှိတဲ့ Dell Authorized Reseller ဆိုင်ကြီးတွေထဲက နီးစပ်ရာဆိုင်မှာ ဝယ်ယူဖို့ကိုပဲ တိုက်တွန်းချင်ပါတယ်။ Dell ကနေပြီးတော့ XPS series တွေအတွက် 1-year warranty ပေးထားတဲ့အတွက် မဝယ်ယူခင်မှာ Laptop ပေါ်မှာရှိတဲ့ Dell Hologram Sticker ကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။

Dell XPS 13 9310 အကြောင်းပိုမိုသိရှိရန် – https://www.dell.com/th/p/xps-13-9310-laptop/pd

Dell Authorized Resellers များကို ဆက်သွယ်နိုင်ရန် – https://bit.ly/3bXiooY