Redmi 15C 4G ကို Poland မှာ စတင်မိတ်ဆက်ခဲ့ပြီးနောက်မှာ အခုတော့ အဲဒီဖုန်းရဲ့ 5G အမျိုးအစားကလည်း အဲဒီနိုင်ငံကို ရောက်ရှိလာခဲ့ပါပြီ။ Poland တစ်ခုတည်းမှာပဲ မဟုတ်ဘဲ France, Spain နဲ့ Hungary မှာလည်း တွေ့ရပါတယ်။

Redmi 15C 5G launches with Dimensity 6300 chipset, same 6,000mAh battery -  GSMArena.com news

Xiaomi Redmi 15C 5G မှာ 5G  အတွက် လိုအပ်တဲ့ အပြောင်းအလဲတွေကို အဓိကလုပ်ဆောင်ထားပါတယ်။ Chipset ကတော့ မတူတော့ပါဘူး၊ Helio G81 Ultra အစား Dimensity 6300 ကို သုံးထားပါတယ်။

အဲဒီဖုန်းကို 4/128GB နဲ့ 4/256GB ဆိုပြီး configuration နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါက LPDDR4X RAM နဲ့ eMMC 5.1 storage အမျိုးအစားဖြစ်ပါတယ်။ storage ကို တိုးနိုင်ဖို့အတွက် သီးသန့် microSD slot တစ်ခုလည်း ပါဝင်ပါတယ်။

Redmi 15C 5G with Dimensity 6300 Launched in Europe | Beebom Gadgets

၆.၉ လက်မ 720p+ 120Hz LCD screen ၊ 33W charging support ပါတဲ့ 6,000mAh battery တွေက 4G နဲ့ 5G မှာ တူညီကြပါတယ်။  ဖုန်းက IP64 အဆင့်သတ်မှတ်ချက် (ဖုန်ဒဏ်နဲ့ ရေစင်ဒဏ်ခံနိုင်ရည်ရှိ) ရရှိထားပါတယ်။

ကျောဘက်မှာ f/1.8 lens ပါတဲ့ 50MP ကင်မရာတစ်လုံး ပါဝင်ပြီး 1080p @ 30fps video ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာတော့ f/2.0 lens ပါတဲ့ 8MP ကင်မရာတစ်လုံးပါဝင်ပြီး video ရိုက်ကူးနိုင်စွမ်းက အတူတူပါပဲ။ ရှေ့ကင်မရာကို ရေစက်ပုံစံ notch ထဲမှာ ထည့်သွင်းထားပါတယ်။

Redmi 15C 5G မှာ 3.5mm နားကြပ်ပေါက်နဲ့ FM radio တို့ ပါဝင်ပါတယ်။ Wi-Fi, Bluetooth 5.4 နဲ့ global positioning (GPS, GLONASS, Galileo, Beidou) တို့ကို support လုပ်ပြီး NFC ကတော့ ဒေသတချို့မှာ ပါဝင်ပါတယ်။ ဖုန်းရဲ့ဘေးဘက်မှာ လက်ဗွေရာစနစ် ပါရှိပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Xiaomi Redmi 15C 5G ကို EU နိုင်ငံအများအပြားမှာ ရရှိနေပြီဖြစ်ပြီး နိုင်ငံအလိုက် ဈေးနှုန်းတွေကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Ref : gsmarena