Mediatek ဟာ Dimensity 9300 Chipset ကို မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ Digital Chat Station ရဲ့ အရင်က သတင်းအရ အဲဒီ Chipset မှာ Cortex-X4 Core ၄ လုံးနဲ့ Cortex-A720 Core ၄ လုံး ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Dimensity 9300 to be 10% faster than Snapdragon 8 Gen 3 - GSMArena.com news

အခုတော့ Digital Chat Station က CPU Clock Speed နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေလာပြီး Dimensity 9300 ဟာ Qualcomm Snapdragon 8 Gen 3 ထက် ၁၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ ပြောပါတယ်။

MediaTek Dimensity 9300 chipset could be faster than Snapdragon 8 Gen 3 processor | Mobile Phone News - News9live

Mediatek ဟာ 1+3+4 Architecture ကို အသုံးပြုထားနိုင်ပြီး 3.25GHz Cortex-X4 ၁ လုံး၊ 2.85GHz Cortex-X4 ၃ လုံးနဲ့ 2.0GHz Cortex-A720 ၄ လုံး ထည့်သွင်းထားမှာပါ။ Immortalis-G720 GPU လည်း ပါလာနိုင်ပါတယ်။ Snapdragon မှာတော့ 1+5+2 Architecture ကို သုံးထားမှာ ဖြစ်ပြီး 3.19GHz Cortex-X4 ၁ လုံး၊ 2.96GHz Cortex-A720 ၅ လုံးနဲ့ 2.27GHz Cortex-A520 ၂ လုံး ထည့်သွင်းထားမှာပါ။

Snapdragon 8 Gen 3 ရဲ့ ပေါင်းစပ်မှုတွေဟာ မထူးခြားပေမယ့် Mediatek ဟာ Low-power Core တွေကို သုံးခြင်းအားဖြင့် ထူးခြားအောင် ပြုလုပ်ထားပါတယ်။ တကယ့်လက်တွေ့မှာ အဲဒီ ပေါင်းစပ်မှုဟာ အလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: gsmarena