အမေရိကန်က နူကလီးယား လက်နက်တွေကို ပစ်ခတ်ဖို့ AI ကို ဆုံးဖြတ်ခွင့် မပေးဖို့ တရုတ်နဲ့ ရုရှားကို သတိပေးလိုက်ပါတယ်။ အမေရိကန်က နူကလီးယား လက်နက်တွေကို ပစ်ခတ်ဖို့ လူသားကပဲ ဆုံးဖြတ်စေပါလို့ ပြောပါတယ်။

US urges China, Russia to declare AI won't control nuclear weapons |  Cybernews

အမေရိကန်ရဲ့ လက်နက်ထိန်းချုပ်ရေး ဌာနမှ အတွင်းရေးမှူး Paul Dean က “ နူကလီးယား လက်နက်တွေကို AI ကို ထိန်းချုပ်ခွင့် မပေးသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဗြိတိန်နဲ့ ပြင်သစ်ကိုလည်း အဲဒီအကြောင်း အသိပေးထားပြီးပါပြီ။” လို့ ပြောပါတယ်။

US urges China, Russia to declare only humans, not AI, control nukes

သူက “ တစ်ကမ္ဘာလုံးက AI နဲ့ အလိုအလျှောက်ပစ်ခတ်တဲ့ လက်နက်တွေကို စိုးရိမ်နေကြပါတယ်။ AI ကို တခြားနယ်ပယ်တွေမှာပဲ အသုံးပြုသင့်ပါတယ်။ လက်နက် နယ်ပယ်မှာ အသုံးမပြုသင့်ပါဘူး။ “ လို့ ပြောပါတယ်။

သူက “ AI နည်းပညာမှာ အားနည်းချက်တွေ ရှိနေသေးတဲ့အတွက် AI ကို လက်နက် ပစ်ခတ်ခွင့်ပေးလိုက်ရင် အမှားတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : interestingengineering