Doogee က ဇွန်လမှာ S88 Pro ကို ကြေညာခဲ့ပြီး အခုတော့ ဟာ့ဒ်ဝဲတွေ အဆင့်မြှင့်ထားတဲ့ Version အသစ်ကို ချပြလိုက်ပါတယ်။ S88 Plus လို့ နာမည်ပေးထားပြီး RAM ပိုပါလာသလို Samsung ရဲ့ ကင်မရာ ၃ လုံးကိုလည်း အဆင့်မြှင့်ထားပါတယ်။ S88 Plus မှာ Helio P70 မောင်းနှင်ထားပြီး 128GB Storage ပါလာပါတယ်။ အရွယ်အရမ်းကြီးတဲ့ 10,000mAh ဘက်ထရီ ထည့်သွင်းထားပြီး သာမာန် သုံးရင် ၃ ရက်ကနေ ၅ ရက်အထိ ခံတာက အမိုက်ဆုံးပါ။

Doogee introduces S88 Plus variant with more RAM and updated main camera

S88 Plus မှာ 8GB RAM ပါလာပြီး အနောက်ဘက်မှာ 48MP ပင်မ ၊ 8MP Ultrawide နဲ့ 8MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာက 16MP ဖြစ်ပြီး ၆.၃ လက်မ Full HD+ မျက်နှာပြင်ကို Gorilla Glass နဲ့ ကာကွယ်ထားပါတယ်။ အမြင့်ကနေ ပြုတ်ကျတာတွေ ၊ တုန်ခါမှုတွေကို ခံနိုင်ပြီး IP69 ရေစိုခံ စွမ်းရည် ပါပါတယ်။ အရွယ်အစား ကြီးမားပြီး အထူက ၁၈.၇ မီလီမီတာနဲ့ အလေးချိန်က ၃၇၂ ဂရမ် ရှိပါတယ်။

The Doogee S88 Pro is a rugged phone with a 10,000 mAh battery, IP69K rating, and protection against extreme temperatures and acid for just US$250 - NotebookCheck.net News

အနောက်ဘက်မှာ Iron Man LEDs တပ်ဆင်ထားပြီး Missed Notification တွေအတွက် မီးနဲ့ အချက်ပြပေးနိုင်ပါတယ်။ ဘေးမှာ Configure လုပ်နိုင်တဲ့ ခလုတ် ၂ ခု ထည့်သွင်းထားပြီး Android 10 မောင်းနှင်ထားပါတယ်။ Fire Orange, Army Green နဲ့ Mineral Black ၃ ရောင် ထုတ်လုပ်ထားပါတယ်။

S88 Plus ကို စရောင်းတဲ့ အပတ်မှာ ၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၂ သိန်း ၆ သောင်းလောက် ကျသင့်ပါတယ်။ အဲဒီနောက်ပိုင်း ၃၄၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး ၄ သိန်း ၆ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : gsmarena