အခုနှစ်မှာတော့ Valve ဟာ The Internationals ပြိုင်ပွဲကို မကျင်းပဖြစ်ပေမယ့် Feature အသစ်တွေ အများကြီးနဲ့ 2020 Battle Pass ကိုတော့ ရောင်းချပေးခဲ့ပါတယ်။

Battle Pass မှာပါဝင်တဲ့ Side Shop ဟာ ပျော်စရာကောင်းတဲ့ Feature တစ်ခုလို့ အစက ထင်ခဲ့ကြပေမယ့် Immortal Treasure တွေကို Recycle လုပ်ပြီး Reward ပြန်ယူရာမှာ သိပ်မမျှတဘူးလို့ ယူဆကြတာကြောင့် ကစားသမား တွေက စောဒကတက်ခဲ့ရာမှာ Update ထုတ်ပြီး ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမယ့် အခုတစ်ခါထွက်လာတဲ့ Update မှာ အရင်အတိုင်း Side Shop ကို ပြန်ထည့်ပေးလိုက်ပြန်ပြီး Immortal Treasure တွေကို Recycle လုပ်ရာမှာ Side Shop Gold သို့မဟုတ် Bonus Treasure Progress နှစ်မျိုးထဲက ကြိုက်ရာတစ်မျိုး ရွေးချယ်ခွင့် ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ကစားသမားတွေက Side Shop အသုံးပြုရတာကြိုက်ရင် ဆက်သုံးဖို့ဖြစ်ပြီး အရင်နှစ်တုန်းကလို Bonus Treasure နဲ့ Rylai Blessing တို့အတွက် Recycle လုပ်ချင်ရင်လည်း ရသွားတဲ့ သဘောပါပဲ။

Side Shop ကို မမြင်ရသေးတဲ့သူတွေအနေနဲ့ Dota 2 ဂိမ်းထဲဝင်ပြီး Settings > Options > Advanced Options ကိုရွေးချယ်ကာ ညာဘက်အောက်ဆုံးနားမှာ “Recycle Immortal Treasures for Sideshop Gold” ကို နှိပ်လိုက်ရုံပါပဲ။ Side Shop Gold တွေကို Guild Challenges တွေနဲ့ Cavern Crawl ဆော့ကစားရာကနေလည်း ရရှိနိုင်ပါတယ်။

Ref – AFKGaming