ပင်လယ်ရေအောက်က သတ္တဝါတွေနဲ့ ရှုခင်းတွေကို ကြည့်ရင်း ရထားစီးရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းမလဲ? ဒါဟာ စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူး။ ဒူဘိုင်းက အဲဒီ ပင်လယ်ရေအောက် ရထားကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။
ဒူဘိုင်း ကနေ အိန္ဒိယ နိုင်ငံ မြို့တော် မွန်ဘိုင်း သို့ ပင်လယ်ရေအောက် ရထားလမ်း ဖောက်ဖို့ စီစဉ်နေပါတယ်။ ၁,၂၀၀ မိုင် ရှည်လျားမှာ ဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမှာ ဖြစ်သလို ရေနဲ့ လောင်စာဆီ သယ်ယူဖို့အတွက်လည်း အသုံးချမှာပါ။ မြန်နှုန်းမြင့် ရထားဟာ ၁ နာရီကို ၆၀၀ ကနေ ၁,၀၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်မှာပါ။
ဒူဘိုင်း ကနေ မွန်ဘိုင်းသို့ ရေအောက်ရထား စီမံကိန်းကို ၂၀၁၈ ခုနှစ်က စတင် စဉ်းစားခဲ့ပေမယ့် အဲဒီအချိန်တုန်းက သိပ်မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။ အခုတော့ တကယ် ဖြစ်လာတော့မှာပါ။ ဒါပေမယ့် ကုန်ကျစားရိတ်က မသေးဘဲ ဒေါ်လာ ဘီလီယမ်နဲ့ချီကာ ကုန်ကျမှာ ဖြစ်ပါတယ်။
ဒူဘိုင်းရဲ့ အိုင်ဒီယာဟာ အရမ်းမိုက်ပေမယ့် ဒါဟာ ကမ္ဘာ့ ပထမဆုံး ရေအောက် ရထားတော့ မဟုတ်ပါဘူး။ ဗြိတိန်နဲ့ ပြင်သစ်ကို ဆက်သွယ်ထားတဲ့ ရေအောက်ရထားလမ်း Channel Tunnel ကို ၁၉၉၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။
ဒါပေမယ့် ဒူဘိုင်း-မွန်ဘိုင်း ရထားကတော့ တစ်မူထူးခြားပြီး ဖောက်ထွင်းမြင်ရတဲ့ မှန်ပြတင်းပေါက်တွေနဲ့ ပင်လယ်ရေအောက်ရှုခင်းကို ကြည့်နိုင်မှာပါ။
Ref : unilad