ဒူဘိုင်း ရဲတပ်ဖွဲ့ရဲ့ ကားတွေထဲမှာ လမ်ဘော်ဂီနီလို တန်ဖိုး အလွန်ကြီးတဲ့ ကားတွေ ပါဝင်ပါတယ်။ ဒူဘိုင်းဟာ ငွေချမ်းသာတဲ့ နိုင်ငံဖြစ်တဲ့အတွက် အခုလို တန်ဖိုးကြီး ကားတွေကို ရဲကား အဖြစ် အသုံးပြုနိုင်တာဖြစ်ပါတယ်။

Dubai Police Order Tesla Cybertruck to Add to Already Impressive Fleet

အခုတော့ ဒူဘိုင်း ရဲတပ်ဖွဲ့ရဲ့ ကားတွေထဲမှာ အဖွဲ့ဝင် အသစ်တွေ တိုးလာပါပြီ။ အဲဒီ ကတော့ Tesla Cybertruck လျှပ်စစ်ကား ဖြစ်ပါတယ်။ ဒူဘိုင်း ရဲတပ်ဖွဲ့က စွမ်းရည်မြင့် ရဲကားတွေထဲမှာ Tesla Cybertruck ကို မိတ်ဆက်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Tesla ရဲ့ သူဌေး Elon Musk က ဒါဟာ အရမ်းလန်းတယ်လို့ မှတ်ချက်ပေးထားပါတယ်။

Dubai Police Adds Tesla's Cybertruck In Luxury Fleet; Here's How Elon Musk  Reacted - Culture

ဒူဘိုင်း ရဲတပ်ဖွဲ့က ကင်းလှည့်တဲ့ တန်ဖိုးကြီး ရဲကားတွေထဲမှာ Tesla Cybertruck ကို မိတ်ဆက်ခဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး Tesla Cybertruck ကို ဒူဘိုင်း ရဲတပ်ဖွဲ့ရဲ့ အရောင် ဖြစ်တဲ့ အစိမ်းနဲ့ အဖြူရောင် ခြယ်သထားပါတယ်။

ကားနံပါတ်က ၅ ဖြစ်ပြီး ကား မိတ်ဆက်တဲ့ အခမ်းအနားကို ဒူဘိုင်း အိမ်ရှေ့စံ မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Maktoum တက်ရောက်ခဲ့ပါတယ်။ မိတ်ဆက်ပွဲကို လူမှုကွန်ရက်ကနေလည်း ပြသခဲ့ပါသေးတယ်။

Ref : benzinga