Android 12 ရဲ့ ထူးခြားတဲ့ Features သစ်လို့ပြောရင် Material You dynamic themes ကိုလည်း ချန်ထားလို့မရပါဘူး။ စိတ်မကောင်းစရာကတော့ ဒီ Dynamic themes ဟာ Pixel သီးသန့်ပဲ ဖြစ်နေတာပါ။ တခြား Android ဖုန်းတွေမှာတော့ စောင့်ဆိုင်းနေရတုန်းပါပဲ။


အခုတော့ Google ဟာ နှစ်လိုဖွယ်ကောင်းတဲ့ Material You dynamic themes ကို ပိုပြီးများပြားတဲ့ Android ဖုန်းတွေဆီ သယ်ဆောင်လာပေးတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒါ့အပြင် ဒီ Dynamic themes တွေကို ရရှိမယ့် ဖုန်းအမှတ်တံဆိပ်တွေကိုလည်း တစ်ပါတည်း ကြေညာပေးခဲ့တာပါ။

Google က ထုတ်ပြန်တဲ့စာရင်းအရ Samsung, Xiaomi, OPPO, OnePlus, Vivo, Realme နဲ့ Tecno စတဲ့အမှတ်တံဆိပ်နဲ့ဖုန်းတွေမှာ ရွေးချယ်မှုအသစ်ကို ရရှိတော့မှာ ဖြစ်ပါတယ်။ မကြာခင်မှာ ရရှိမှာဖြစ်ပေမဲ့ ဘယ်တော့လဲဆိုတာကိုတော့ Google က တိကျတဲ့အချိန်ဇယားနဲ့ ဖော်ပြထားခြင်းမရှိတာကြောင့် မသိရသေးပါဘူး။


Google ဟာ အရောင်အသွေးအပြင်အဆင် ရွေးချယ်မှုအသစ်နဲ့ Color themes အကြိုကြည့်ရှုမှုတွေကို Gmail လည်ပတ်လုပ်ဆောင်နိုင်တဲ့ Android ဖုန်းအမျိုးမျိုးနဲ့ လည်း ပြသခဲ့ပါတယ်။ Android ဂေဟစနစ်တစ်လျှောက်မှာ Dynamic color တွေလိုမျိုး အဓိကဒီဇိုင်း APIs တွေကို တသမတ်တည်းလုပ်ဆောင်နိုင်ဖို့အတွက် Google ဟာ နောက်ထပ် OEMs တွေနဲ့ လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းလည်း Android Product Manager Rohan Shah က ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။

Ref: GSM Arena