SpaceX နဲ့ Tesla ရဲ့ စီအီးအို Elon Musk က ကမ္ဘာ့အပြင်ဘက်မှာ ကြော်ငြာတွေ ပြသဖို့ ကြံစည်နေပါတယ်။ Musk ဟာ ကနေဒါ အခြေစိုက် Startup ၁ ခုနဲ့ ပူးပေါင်းပြီး ဂြိုလ်တုတွေနဲ့ အာကာသမှာ Billboard ကြော်ငြာတွေ ပြသပေးဖို့ လုပ်ဆောင်နေပါတယ်။

Elon Musk Featured

ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းမှာ ဂြိုလ်တု ၁ လုံးကို လာမယ့်နှစ်မှာ လွှင့်တင်မှာ ဖြစ်ပါတယ်။ SpaceX Falcon 9 ဒုံးပျံနဲ့ လွှင့်တင်မှာ ဖြစ်ပြီး ကမ္ဘာမြေကနေ ကြော်ငြာတွေကို စီမံခန့်ခွဲနိုင်မှာပါ။ ဂြိုလ်တု နာမည်က CubeSat ဖြစ်ပြီး ကမ္ဘာမြေက ပေးပို့တဲ့ ကြော်ငြာတွေကို ပြသပေးဖို့ Pixelated Display တပ်ဆင်ထားမှာပါ။

Elon Musk

SpaceX နဲ့ ပူးပေါင်းအလုပ်လုပ်နေတဲ့ Geometric Energy Corp က ကြော်ငြာတွေအပြင် Logo နဲ့ Art တွေကိုပါ ပြသပေးဖို့ ဖန်တီးနေပါတယ်။ စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ Samuel Reid က ဒုံးပျံဟာ လကို မရောက်ခင်မှာ CubeSat ကို ကမ္ဘာပတ် လမ်းကြောင်းကို သယ်ဆောင်သွားမှာပါလို့ ရှင်းပြပါတယ်။ အာကာသက ကြော်ငြာတွေကို ကမ္ဘာမြေက ကြည့်ရမှာ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒါ့အပြင် အဲဒီ ကြော်ငြာတွေကို YouTube , Twitch တို့လို အွန်လိုင်း ပလက်ဖောင်းတွေမှာ တိုက်ရိုက် ပြသပေးနိုင်မှာပါ။ အဲဒီအတွက် ဂြိုလ်တုက ကြော်ငြာတွေကို အင်တာနက်ရတဲ့ သူတိုင်း ကြည့်နိုင်မှာပါ။

Reid က “ Logo တွေကို အာကာသမှာ ပြသချင်တဲ့ ကုမ္ပဏီတွေ ရှိနိုင်ပါတယ်။ ကြော်ငြာတွေ ၊ Logo တွေအပြင် အနုပညာလက်ရာတွေကိုပါ အာကာသကနေ  ပြသနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gizmochina