Elon Musk က အနာဂတ်မှာ လူတွေ ဖုန်း မသုံးကြတော့ဘဲ သူ့ Neuralink ကုမ္ပဏီရဲ့ နည်းပညာကို အသုံးပြုကြမယ်လို့ ပြောပါတယ်။

How Elon Musk's Neuralink hopes to make human brain talk with computers -  Punch Newspapers

မကြာခင်ကပဲ Neuralink ဟာ မကြာခင်ကပဲ အကြောသေနေတဲ့ အသက် ၂၉ နှစ်အရွယ် Noland Arbaugh ရဲ့ ဦးနှောက်ထဲမှာ Brain Chip ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ ဦးနှောက်ထဲကို Chip ထည့်သွင်းပြီးနောက်မှာ Arbaugh ဟာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပြီး ဦးနှောက်က စဉ်းစားလိုက်တာနဲ့ Device တွေကို ထိန်းချုပ်နိုင်ပါတယ်။

Elon Musk unveils first successful human-patient experience with Neuralink  brain chip | Digital Watch Observatory

Musk က Neuralink ရဲ့ နည်းပညာကို အနာဂတ်မှာ လူ အသုံးပြုမှု များပြားလာမယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ကုမ္ပဏီဟာ ဦးနှောက်ထဲကို Chip ထည့်သွင်း စမ်းသပ်မယ့် လူတွေကို ရှာဖွေနေပါတယ်။

Elon Musk ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ ဦးနှောက်မှာ Chip ထည့်သွင်းကာ ကွန်ပြူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို တီထွင်နေတာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ အကြောသေနေသူတွေအတွက် အလွန်ကို အသုံးဝင်ပါတယ်။

Musk က “ ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူတွေကို အစောဆုံး အသုံးပြုခွင့်ပေးမှာပါ။ စတီဖင်ဟောကင်း စာရိုက် စကားပြောတာထက် ဒီနည်းပညာက ပိုမြန်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရည်မှန်းချက်ပါပဲ။ “ လို့ ပြောပါတယ်။

Ref : Tech Explorers