ပြီးခဲ့တဲ့ ၁ ပတ်လောက်က Elon Musk ဟာ Twitter ရှယ်ယာ ၇၃,၄၈၆,၉၃၈ ကို ဝယ်ယူခဲ့ပြီး Twitter ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာခဲ့ပါတယ်။ အဲဒီ ပမာဏဟာ Twitter တည်ထောင်သူ Jack Dorsey ရဲ့ ၂.၂၅ ရာခိုင်နှုန်းထက် ၄ ဆကျော် မြင့်မားပြီး Musk ဟာ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူတွေထဲက ၁ ယောက် ဖြစ်လာပါတယ်။
မကြာခင်သေးခင်ကပဲ Musk ဟာ Twitter ရဲ့ ဒါရိုက်တာ ဘုတ် အဖွဲ့ဝင် ဖြစ်လာပြီလို့ သတင်းထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ Twitter မှာ ပြောင်းလဲမှုတချို့ ပြုလုပ်သင့်တဲ့ အကြောင်း Tweet တွေနဲ့ အကြံပေးလာပါတယ်။
သူက “ (တစ်လကို ၃ ဒေါ်လာ ပေးရတဲ့) Twitter Blue ကို အသုံးပြုသူတွေဟာ Authentication Checkmark ရသင့်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းက တစ်လကို ၂ ဒေါ်လာ ဖြစ်သင့်ပါတယ်။ Twitter Blue အတွက် Dogecoin နဲ့ ငွေပေးချေနိုင်တဲ့ ရွေးချယ်ခွင့်လည်း ရှိသင့်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
Twitter Blue ကို လက်ရှိမှာ အမေရိကန် ၊ ကနေဒါ၊ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေမှာပဲ အသုံးပြုလို့ရနေသေးပြီး Musk က သုံးလို့ရတဲ့ နိုင်ငံတွေ ပိုတိုးချဲ့ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။ အဲဒီ ဝန်ဆောင်မှုမှာ Tweet တွေကို ပြန်လည်ပြင်ဆင်နိုင်တဲ့ Undo လုပ်ဆောင်ချက် ပါပါတယ်။
Ref : interestingenginnering