Elon Musk ဟာ ဒီလ အစောပိုင်းမှာပဲ ဒေါ်လာ ၄၀၀ ဘီလီယမ် ချမ်းသာတဲ့ ကမ္ဘာ့ ပထမဆုံး လူသား ဖြစ်လာပါတယ်။ အခုတော့ ရက်ပိုင်းအတွင်းမှာပဲ သူဟာ ဒေါ်လာ ၅၀၀ ဘီလီယမ် ချမ်းသာသွားပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Bloomberg ဘီလီယမ်နာ အညွှန်းကိန်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုကို ဖော်ပြထားပါတယ်။

How Much Money Does Elon Musk Make a Minute? Billionaire's Income Revealed

Musk ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကားကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Tesla ရဲ့ CEO ဖြစ်ပြီး လျှပ်စစ်ကားတွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ သူဟာ SpaceX ကို ဦးဆောင်နေပြီး နာဆာအတွက် အာကာသစခန်းကို ကုန်ပစ္စည်းနဲ့ အာကာသယာဉ်မှူးတွေ ပို့ဆောင်ပေးနေပါတယ်။ သူဟာ တွစ်တာ ခေါ် X လူမှုကွန်ရက်ကို ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် Neuralink , xAI နဲ့ Boring Company တို့လို တခြား ကုမ္ပဏီတွေကိုလည်း ထူထောင်ထားပါသေးတယ်။

Elon Musk's $1 million giveaway to swing state voters is probably illegal -  The Verge

Bloomberg က Elon Musk ဟာ Tesla ရှယ်ယာ ၁၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ ပြောပါတယ်။  SpaceX ရဲ့ တန်ဖိုးဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဒေါ်လာ ၃၅၀ ဘီလီယမ် နီးပါး ရှိပြီး Musk ဟာ ၄၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ Musk ဟာ ၂၀၂၂ ခုနှစ်မှာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူခဲ့ပြီး ရှယ်ယာ ၇၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

Tesla ဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကား ကုမ္ပဏီ ဖြစ်လာပြီး Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ထိုးတက်သွားခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်လာခဲ့ပါတယ်။

Ref : Hindustantimes