Elon Musk က သူ့ Neuralink ကုမ္ပဏီရဲ့ ဦးနှောက်ထဲ Chip ထည့်သွင်းတဲ့ နည်းပညာကြောင့် လူသားတွေဟာ အနာဂတ်မှာ AI နဲ့ ပေါင်းစပ်နိုင်ရုံသာမက အဆင့်မြင့် AI System တွေကို ယှဉ်ပြိုင်နိုင်မယ်လို့ ပြောပါတယ်။

Elon Musk clasping his hands together.

Neuralink ဟာ အရွယ်သေး Chip တွေကို လူ့ ဦးနှောက်ထဲ ထည့်သွင်းပြီး လူ့ ဦးနှောက် သို့မဟုတ် စိတ်ကနေ ကွန်ပြူတာတွေကို ခိုင်းစေနိုင်တဲ့ နည်းပညာကို ဖန်တီးနေပါတယ်။ ကုမ္ပဏီက ဦးနှောက် လှိုင်းတွေကို ဖမ်းယူနိုင်၊ တုပနိုင်တဲ့ အရွယ်သေး Chip တွေကို တီထွင်နေပါတယ်။ Musk က ဒီနည်းပညာဟာ အနာဂတ်မှာ အာရုံကြော ဝေဒနာရှင်တွေနဲ့ အမြင်အာရုံ မကောင်းသူတွေကို ကုသပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

How Elon Musk's Neuralink hopes to make human brain talk with computers -  Punch Newspapers

သူက ဒီနည်းပညာဟာ လူသားတွေကို စူပါ စွမ်းအားတွေ ပေးစွမ်းနိုင်မယ်လို့ ကွန်ပြူတာ သိပ္ပံပညာရှင် Lex Fridman နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

Musk က ကုမ္ပဏီဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပထမဆုံး အကြောသေ လူနာရဲ့ ဦးနှောက်မှာ Neuralink Chip ကို ထည့်သွင်းခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကုမ္ပဏီက လူနာဟာ စိတ်နဲ့ ကွန်ပြူတာ Mouse ကို ထိန်းချုပ်နိုင်ပြီလို့ ပြောခဲ့ပါတယ်။

Musk က “ ဒီနည်းပညာဟာ အနာဂတ်မှာ လူသားနဲ့ AI အကြားမှာ ဆက်သွယ်ဖို့ လွယ်ကူစေမှာပါ။ AI က လူသားတွေထက် သာလွန်သွားတာကို တားဆီးဖို့ အကောင်းဆုံး နည်းလမ်းက Neuralink Chip တွေ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : businessinsider