Elon Musk က Tesla ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ Optimus လူတူစက်ရုပ် ၁၀,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ထောင်ဂဏန်းလောက်ပဲ ထုတ်လုပ်နိုင်ကောင်း ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ စက်ရုပ်တချို့ဟာ Tesla စက်ရုံတွေမှာ အလုပ်တွေတောင် လုပ်နေပြီ ဖြစ်ပါတယ်။

Optimus robot: Elon Musk-owned Tesla's Optimus humanoid robot "will revolutionise the world": Watch Video & check price - The Economic Times

Musk က အနာဂတ်မှာ Tesla ဟာ နှစ်စဉ် စက်ရုပ် သန်း ၁၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး စက်ရုပ်လုပ်ငန်းဟာ လျှပ်စစ်ကား လုပ်ငန်းထက် ဝင်ငွေ ပိုကောင်းလာမယ်လို့ ပြောပါတယ်။

Musk က ၂၀၂၆ ခုနှစ်မှာ Tesla ဟာ Optimus စက်ရုပ်တွေကို ဒေါ်လာ ၂၀,၀၀၀ အောက်နဲ့ ရောင်းချမယ်လို့ ပြောပါတယ်။ ၂၀၂၆ ခုနှစ် အရောက်မှာ နှစ်စဉ် စက်ရုပ် ၁ သန်း ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။

Did Elon Musk fail? Tesla's Optimus Robot embarrasses itself at event in China - CPG Click Petroleo e Gas

Musk က လက်ရှိမှာ တစ်လကို စက်ရုပ် ၁,၀၀၀ ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး နောက်ရည်မှန်းချက်က တစ်လကို စက်ရုပ် ၁၀,၀၀၀ ထုတ်လုပ်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

လူတူစက်ရုပ် ပြိုင်ပွဲအား အရှိန်အဟုန် မြင့်မားလာနေပါပြီ။ တရုတ်ကလည်း အဆင့်မြင့် လူတူစက်ရုပ်တွေကို တီထွင်နေပါတယ်။ Elon Musk ရဲ့ Optimus လူတူစက်ရုပ်ဟာ တရုတ်တွေထက် သာလွန်နေမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : Electrek