လက်ရှိမှာ SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို Base Station ဟာ့ဒ်ဝဲ သုံးပြီး လိုင်းမိအောင် ဖမ်းယူကြရပါတယ်။ ကုမ္ပဏီက ဟာ့ဒ်ဝဲ မလိုအပ်ဘဲ စမတ်ဖုန်းကနေ တိုက်ရိုက်ဖမ်းယူနိုင်အောင် ကြိုးစားနေပါတယ်။

အခုတော့ SpaceX က X လူမှုကွန်ရက်မှာ ပို့စ်တစ်ခု တင်လိုက်ပြီး SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက်လိုင်းနဲ့ စမတ်ဖုန်းကနေ ပို့စ်တင်လိုက်တာလို့ ရေးသားထားပါတယ်။ ဒါဟာ Starlink ရဲ့ ဂြိုလ်တု အင်တာနက်ကို စမတ်ဖုန်းကနေ တိုက်ရိုက် ဖမ်းယူနိုင်တာကို အောင်မြင်စွာ စမ်းသပ်ပြလိုက်တာ ဖြစ်ပါတယ်။

Elon Musk's Starlink to snag Satcom licence soon; Zepto bags another $31 million

Elon Musk က အဲဒီပို့စ်ကို ပြန်လည် မျှဝေထားပြီး သူက အထူး ကိရိယာတွေ မလိုအပ်ဘဲ SpaceX ရဲ့ ဂြိုလ်တု အင်တာနက်ကို စမတ်ဖုန်း ကနေ တိုက်ရိုက်ဖမ်းယူပြီး ဒီပို့စ်ကို တင်ထားတာလို့ ရေးသားထားပါတယ်။ သူက စမတ်ဖုန်းမှာလည်း အထူး ဟာ့ဒ်ဝဲ ထည့်သွင်းထားတာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

SpaceX ဟာ Starlink ဂြိုလ်တု အင်တာနက်ကို စမတ်ဖုန်းတွေမှာ စမ်းသပ်ခွင့်လိုင်စင်ကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ ကုမ္ပဏီက Base Station မလိုအပ်ဘဲ စမတ်ဖုန်းတွေမှာ ဂြိုလ်တု အင်တာနက်ကို အောင်မြင်စွာ စမ်းသပ် အသုံးပြုနိုင်ခဲ့ပါတယ်။

Ref : gizchina