တောင် ကယ်လီဖိုးနီးယား တက္ကသိုလ် (USC) မှ သုတေသန ပညာရှင်တွေက Elon Musk ရဲ့ Starlink အပါအဝင် အင်တာနက် ဂြိုလ်တု ကွန်ရက်ဟာ ကမ္ဘာ့ အိုဇုန်းလွှာကို ထိခိုက်ပျက်ဆီးစေတယ်လို့ သတိပေးလိုက်ပါတယ်။ USC ရဲ့ နက္ခတ္တဗေဒ အင်ဂျင်နီယာ ဌာနက အဲဒီ သုတေသနကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Elon Musk: 'UFO on a Stick' Will Connect People to Starlink Internet -  Business Insider

ပညာရှင်တွေက ကမ္ဘာပတ်လမ်း အနိမ့်မှာ ရှိတဲ့ ဂြိုလ်တုတွေဟာ လေထုထဲမှာ အန္တရာယ်ရှိတဲ့ ဓါတုဗေဒ ဓါတ်ပြုမှုတွေ ဖြစ်ပွားစေတယ်လို့ ပြောပါတယ်။ SpaceX ရဲ့ Starlink ဂြိုလ်တုတွေဟာ အိုဇုန်းလွှာကို ထိခိုက်စေတဲ့ အလူမီနီယမ် အောက်ဆိုက် ဓါတ်ငွေ့များစွာကို ထုတ်လွှတ်တယ်လို့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီ အလူမီနီယမ် အောက်ဆိုက်ဟာ ကလိုရင်းနဲ့ ထိတွေ့တဲ့အခါ အိုဇုန်း မော်လီကျူးတွေကို ပျက်ဆီးစေပါတယ်။

SpaceX launches first Starlink satellites that can connect to mobile phones

အိုဇုန်းလွှာဟာ နေက ထုတ်လွှတ်တဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးပါတယ်။ အဲဒီအလွှာ မရှိရင် ခရမ်းလွန်ရောင်ခြည်ကြောင့် လူသားတွေဟာ အရေပြားကင်ဆာ ဖြစ်နိုင်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ အစားအစာ ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။

ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းက အင်တာနက် ဂြိုလ်တုတွေရဲ့ သက်တမ်းဟာ ၅ နှစ်လောက်ပဲ ရှိပြီး သက်တမ်းကုန်လို့ ကမ္ဘာ့လေထုထဲ ပြန်လည် ရောက်လာတဲ့အခါမှာ မီးလောင်ကျွမ်းကာ အလူမီနီယမ် အောက်ဆိုက်ကို ထုတ်လွှင့်ပါတယ်။ အဲဒီ ဖြစ်စဉ်ကနေ နှစ်စဉ် အလူမီနီယမ် အောက်ဆိုက် တန် ၁,၀၀၀ ကျော်ကို ထုတ်လွှင့်ပါတယ်။ အဲဒီအမှုန်တွေဟာ လေထုထဲမှာ ဆယ်စုနှစ်များစွာ တည်ရှိနေပြီး အိုဇုန်းလွှာကို ပျက်ဆီးစေပါတယ်။

Ref : business standard