Huawei ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက EMUI 11 နဲ့ Magic UI 4.0 Update ကို Download ပြုလုပ်နိုင်မယ့် Device တွေကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Huawei Mate 40 Series ဖုန်းတွေကလည်း Huawei အတွက် EMUI 11 ကို ပထမဆုံးအသုံးပြုထားတဲ့ Device တွေလို့ ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ EMUI 11 Stable Update ကို Huawei P40 Series နဲ့ Huawei Mate 30 Series ဖုန်းတွေအတွက် တရားဝင် Update ထုတ်ပေးလိုက်ပါပြီ။ အခု Stable Update ဟာ First Batch ဖြစ်တဲ့အတွက် တကယ်လို့ Update မရရှိသေးဘူးဆိုရင်လည်း မကြာခင် Update ရရှိမယ်လို့ သိရပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ Device ၁၀ မျိုးအထိ EMUI 11 Stable Update ကို ရရှိမှာဖြစ်ပေမယ့် အခုအချိန်မှာတော့ Huawei MatePad Pro နဲ့ MatePad Pro 5G တွေကို ချန်ထားခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာ အောက်ပါ P40 Series နဲ့ Mate 30 Series ဖုန်းတွေပဲ EMUI 11 Stable Update ကို Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Huawei ဟာ EMUI 11 Stable Update ကို တရုတ်နိုင်ငံအတွင်းမှာပဲ ထုတ်ပေးနေသေးတာဖြစ်ပြီး Global စျေးကွက်အတွက်ကတော့ အချိန်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် EMUI 11 Update ကို ရရှိလာပေမယ့်လည်း Android 11 အစား Android 10 ကိုပဲ အခြေခံထားဦးမှာပါ။

Huawei ဟာ နောက်ပိုင်းမှာ Harmony OS ကိုလည်း ပြောင်းလဲခွင့်ပေးသွားမှာဖြစ်ပြီး EMUI 11 ဟာ Huawei အတွက်နောက်ဆုံးသော EMUI Version ဖြစ်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါသေးတယ်။

Ref – Gizmo China