စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ Mobile World Congress (MWC) 2024 ပွဲကို ဒီလထဲမှာ မကြာခင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ တစ်ကမ္ဘာလုံးမှ နည်းပညာ ကုမ္ပဏီများစွာက စမတ်ဖုန်း အပါအဝင် ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို အပြိုင်အဆိုင်ပြသကြတော့မှာ ဖြစ်ပါတယ်။

Energizer P28K with 28,000 mAh battery coming at MWC

အဲဒီအထဲမှာ Energizer လည်း ပါပါတယ်။ Energizer ဟာ Battery လောကမှာ နာမည်ကြီးတဲ့ ကုမ္ပဏီ ၁ ခု ဖြစ်ပြီး အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေလည်း ထုတ်လုပ်ရောင်းချလာပါတယ်။ Energizer ရဲ့ စမတ်ဖုန်းတွေကို Avenir Telecom က လိုင်စင် ရယူထားတာ ဖြစ်ပါတယ်။

MWC Barcelona, Spain, February 27-28, 2024 - Marben Products

MWC Barcelona ပွဲကြီးနီးကပ်လာတာနဲ့အမျှ အဲဒီပွဲမှာ ကြေညာမယ့် Energizer P28 စမတ်ဖုန်းရဲ့ ပထမဆုံး Teaser တွေ ထွက်လာပါတယ်။ 28 ဟာ 28,000mAh Battery ပါလာမယ်လို့ ရည်ညွှန်းထားတာ ဖြစ်ပြီး လက်ရှိ စမတ်ဖုန်းတွေထဲမှာ အကြီးမားဆုံး Battery ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Energizer Mobile က P28K ဟာ အကြမ်းခံတဲ့ စမတ်ဖုန်း ဖြစ်ပြီး 6.78” FHD မျက်နှာပြင်နဲ့ 16MP အရှေ့ ကင်မရာ ၁ လုံး ပါလာမယ်လို့ သတင်းပေးထားပါတယ်။ အနောက်ဘက်မှာ 60MP Main ၁ လုံးနဲ့ 20MP ကင်မရာ ၂ လုံး တပ်ဆင်ထားမှာဖြစ်ပါတယ်။ အဲဒီဖုန်းကို ဒီလ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် MWC Barcelona မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena