English Premier League မှာ ၂၀၂၄-၂၅ ရာသီမှာ ဝေဖန်မှုများတဲ့ VAR နည်းပညာအစား စနစ်အသစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ Offside ကို ဖမ်းဖို့အတွက် Apple iPhone တွေကို အသုံးပြုမှာ ဖြစ်ပြီး ဗီဒီယို အခြေပြု ဒိုင်စနစ်ကို ကြီးကြီးမားမား တိုးတက်ပြောင်းလဲစေမှာပါ။

English Premier League Replaces VAR with iPhone! - Gizchina.com

အဲဒီ စနစ် အသစ်ကို “Dragon” လို့ အမည်ပေးထားပြီး Genius Sports and Second Spectrum က ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီစနစ်ကို ဒီ ရာသီက စတင်ကာ Premier League ပြိုင်ပွဲအားလုံးမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီနည်းပညာမှာ iPhone ၂၈ လုံးကို အသုံးပြုမှာ ဖြစ်ပြီး iPhone 14 မော်ဒယ် သို့မဟုတ် မော်ဒယ် အသစ်တွေကို ဘောလုံးကွင်း အနှံ့မှာ တပ်ဆင်ထားမှာပါ။ ဖုန်းတွေကို ရေစိုခံ Case တွေထဲမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး Cooling Fans တွေ ထည့်သွင်းထားမှာပါ။ အဲဒီအတွက် ရှုထောင့်မျိုးစုံ ကနေ High-frame-rate ဗီဒီယိုတွေကို ဖမ်းယူနိုင်မှာပါ။

English Premier League is Replacing VAR System with iPhones!

Dragon ရဲ့ ထူးခြားချက်က ကစားသမား ၁ ယောက်ချင်းစီရဲ့ များပြားတဲ့ ဒေတာတွေကို ဖမ်းယူနိုင်ပါတယ်။ ဒီနည်းပညာက ကစားသမားတိုင်းအတွက် ၇,၀၀၀ နဲ့ ၁၀,၀၀၀ Points အကြား စောင့်ကြည့်ပေးနိုင်ပြီး Body Lines, Muscle Mass နဲ့ Skeletal Structure တို့လို အသေးစိတ် သတင်းအချက်အလက်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ အဲဒီအတွက် Offside ကို ဖမ်းတဲ့အခါ ပိုမို တိကျလာပါတယ်။

အဲဒီ iPhone တွေဟာ Offside အခြေအနေကို စစ်ဆေးပေးတဲ့ AI Software ထံ ဒေတာတွေကို ပေးပို့မှာပါ။ အဲဒီကနေ AI Software က Offside ဖြစ်သလား ၊ မဖြစ်ဘူးလားဆိုတာကို စစ်ဆေးပေးမှာပါ။ နောက်ဆုံးမှာ လူသား ဒိုင်လူကြီးက အဆုံးအဖြတ်ပေးမှာပါ။

Premier League မှာ iPhone တွေကို အသုံးပြုလာတာက အားကစားနဲ့ နည်းပညာ ဆက်စပ်နေတာကို ပြသထားပါတယ်။ တခြား Leagues တွေမှာလည်း အလားတူ နည်းပညာတွေကို အသုံးပြုလာနိုင်ပါတယ်။

Ref : gizchina