MacRumors က iPhone 16 Series စမတ်ဖုန်း ၄ လုံးစလုံးမှာ Action Button တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ Apple က ဒီနှစ်ထုတ် iPhone 15  Pro နဲ့ 15 Pro Max မှာ Action Button ကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် နောက်နှစ်ထွက်မယ့် iPhone 16 နဲ့ 16 Plus မှာပါ Action Button တပ်ဆင်ပေးတော့မယ်လို့ ထင်ပါတယ်။

Use Your iPhone 15 Pro's New Action Button for More Than One Thing - CNET

iPhone 16 Series ရဲ့ Action Button ဟာ Mechanical Switch အစား Capacitive ကို အသုံးပြုထားမှာ ဖြစ်ပြီး iPhone အဟောင်းတွေက TouchID Sensors နဲ့ MacBooks က Force Touch Trackpad တွေနဲ့တူတဲ့ Force Sensor Feedback ပါလာမှာပါ။

The iPhone 15 Pro has a new Action Button on the side - The Verge

iPhone 16 Series ရဲ့ Action Button အတွက် မတူညီတဲ့ အရွယ်အစားတွေကို Apple က စမ်းသပ်နေပြီး တချို့ ဒီဇိုင်းတွေမှာ iPhone 15 Pro နဲ့ 15 Pro Max ထက် ပိုကြီးတဲ့ Button ပါလာမှာဖြစ်ပါတယ်။ MacRumors က နောက်မျိုးဆက် iPhone SE ကို ၂၀၂၅ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပြီး Action Button ပါလာမယ်လို့ ပြောပါတယ်။

အရင်က ထွက်ခဲ့တဲ့ သတင်းအရ  iPhone 16 Pro Max မှာ Super Telephoto Periscope Zoom ကင်မရာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Focal Length က 300mm ကျော်ရှိပြီး ထူးခြားပြောင်မြောက်တဲ့ အင်ဂျင်နီယာ နည်းပညာ ဖြစ်ပါတယ်။

Ref : gsmarena