realme က တန်ဖိုးနည်း စွမ်းရည်နိမ့် C61 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သတ္တုဖရိမ်နဲ့ တည်ဆောက်ထားပြီး IP54 ရေစိုခံစံနှုန်း ပါတဲ့ ပထမဆုံး realme C ဖုန်း ဖြစ်လာပါတယ်။

Realme C61 Price in India Confirmed: Key Specifications Announced Ahead of  June 28 Launch - Gizbot News

C61 မှာ Unisoc T612 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 6GB RAM ထည့်သွင်းထားပါတယ်။ LCD Panel တပ်ဆင်ထားပြီး HD+ Resolution ဖြစ်ပါတယ်။

Entry-level Realme C61 arrives with IP54 dust and water resistance

အနောက်ဘက်မှာ 32MP Main နဲ့ Depth ကင်မရာ ၂ လုံး ပါလာပါတယ်။ Battery က 5,000mAh ဖြစ်ပြီး ကုမ္ပဏီက 1,000 Charging Cycles ပြီးနောက်မှာ ပမာဏ ၈၀ ရာခိုင်နှုန်း ကျန်မယ်လို့ ပြောပါတယ်။ ကုမ္ပဏီက အဲဒီဖုန်းဟာ စတီးလိုမာကျောတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အကြမ်းခံ ဖန် အမျိုးအစားကို မပြောပါဘူး။

Entry-level Realme C61 arrives with IP54 dust and water resistance

realme C61 အတွက် Safari Green နဲ့ Marble Black အရောင်တွေ ထုတ်လုပ်ထာပြီး အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။ 4/64GB ကို ၉၂ ဒေါ်လာ၊ 4/128GB ကို ၁၀၀ ဒေါ်လာနဲ့ 6/128GB ကို ၁၀၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

realme C61 ဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာ ၁ ခု ဖြစ်လာပါတယ်။

Ref : gsmarena