EPIC ဟာ EPIC စီးရီးတွေက ဂိမ်းအဟောင်းတွေအတွက် ခေတ်မမီတော့တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေနဲ့ ဆာဗာတွေကို ပိတ်ပစ်တော့မှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ EPIC အွန်လိုင်းဝန်ဆောင်မှုတွေနဲ့ သူ့ရဲ့ Unified friend system တွေကိုပဲ ပံ့ပိုးပေးတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း Voice chat function, Parental support နဲ့ Parental verification features တွေကို တော့ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ အခုလို ရပ်တန့်ခံလိုက်ရတဲ့ ဂိမ်းအများစုဟာ Offline မှာ ဆက်ပြီးကစားနိုင်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ အချို့ဂိမ်းတွေကတော့ Offline လည်း ကစားလို့ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ လာမဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ စတင်ပြီးဖယ်ရှားတော့မဲ့ ဂိမ်းတွေကတော့ −

1000 Tiny Claws, Dance Central 1-3 (Dance Central VR online multiplayer ကတော့ ဆက်ပြီးကျန်ရှိနေမှာပါ), Green Day: Rock Band, Monsters (Probably) Stole My Princess, Rock Band 1-3 (Rock Band 4 online multiplayer ဆက်ပြီးရှိနေပါမယ်), The Beatles: Rock Band, Supersonic Acrobatic Rocket-Powered Battle-Cars, Unreal Gold, Unreal II: The Awakening, Unreal Tournament 2003, Unreal Tournament 2004, Unreal Tournament 3 (အနာဂတ်မှာ Epic Online Services ကတစ်ဆင့် Online ဝန်ဆောင်မှု ပြန်ရနိုင်ပါတယ်), Unreal Tournament: Game of the Year Edition စတာတွေပဲ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ဂိမ်းတွေအတွက် EPIC Store ဟာ ဒစ်ဂျစ်တယ်စတိုးမှာ ရနိုင်သေးတဲ့ ဂိမ်းတွေအားလုံးကို စတင်ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဂိမ်းတွင်း DCL ဝယ်ယူခြင်းတွေကို တားမြစ်ထားပြီးဖြစ်ပါတယ်။ “War Breakers” ကိုလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပိတ်မှာဖြစ်ပြီး ဂိမ်းတွင်းဝယ်ယူမှုအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း အလိုအလျောက် ပြန်အမ်းပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Gizchina