Consumer devices တွေအားလုံးမှာ အားသွင်းခေါင်းတွေမထည့်သွင်းခြင်းကို စံသတ်မှတ်အဖြစ် ဥပဒေပြဌာန်းပေးဖို့ ဥရောပကော်မရှင်က အဆိုတင်သွင်းထားကြောင်း သတင်းထုတ်ပြန်ချက်အသစ်မှာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် အမြန်အားသွင်းစံနှုန်းကိုလည်းသဟဇာတဖြစ်စေပြီး အားသွင်းခေါင်းကို အခြားအီလက်ထရောနစ်ကိရိယာတွေရောင်းချခြင်းကနေ ခွဲထုတ်နိုင်ဖို့လည်း ရည်ရွယ်နေတာ ဖြစ်ပါတယ်။

အဆိုပြုလွှာအရ “Smartphones, tablets, cameras, headphones, portable speakers နဲ့ handheld videogame consoles” တွေကိုလည်း သက်ရောက်မှုရှိပါလိမ့်မယ်။ ကော်မရှင်ရဲ့ အဆိုပြုလွှာအရ အဓိကအားဖြင့် အချက်လေးချက်ကို တွေ့မြင်နိုင်ပါတယ်။

၁။ အီလက်ထရောနစ်ကိရိယာတွေအားလုံးရဲ့ အားသွင်းပေါက်တွေကို တပြေးညီဖြစ်စေရန် − USB-C ဟာ ဘုံသုံးဖြစ်ရမည်။

၂။ သဟဇာတဖြစ်မဲ့အမြန်အားသွင်းနည်းပညာ − မတူညီတဲ့ထုတ်လုပ်သူတွေကို အားသွင်းမြန်နှုန်းမညီမမျှ ကန့်သတ်ခံရခြင်းက ကာကွယ်နိုင်ပြီး၊ အားသွင်းစနစ်ဟာ ဘယ်ကိရိယာမှာမဆို တပြေးညီဖြစ်ပြီး၊ ဘယ်အားသွင်းခေါင်းနဲ့မဆို အသုံးပြုနိုင်စေမည်။

၃။ အီလက်ထရောနစ်ကိရိယာတွေရောင်းချခြင်းနဲ့ အားသွင်းခေါင်းရောင်းချခြင်းတွေကို ခွဲထုတ်ရန် − ဥရောပစားသုံးသူတွေအနေနဲ့ ပျမ်းမျှအားဖြင့် အားသွင်းခေါင်းသုံးခုရှိရင် နှစ်ခုပဲ သုံးစွဲကြတယ်လို့ ကော်မရှင်က ပြောပါတယ်။

၄။ စားသုံးသူတွေအတွက် သတင်းအချက်ပိုမိုကောင်းမွန်အောင်မွမ်းမံခြင်း −

OEMs တွေအနေနနဲ့ အားသွင်းမြန်နှုန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ Device တွေကို အမြန်အားသွင်းစနစ် ထောက်ပံ့ပေးဖို့လိုအပ်ကြောင်း ပါဝင်ပါတယ်။

ဥရောပစားသုံးသူတွေဟာ Device တွေနဲ့အတူမပါဝင်တဲ့ အားသွင်းခေါင်းချည်းသက်သက်အတွက် နှစ်စဉ် ယူရိုငွေ ၂.၃ ဘီလီယံကျခံသုံးစွဲနေတယ်လို့ အီးယူကော်မရှင်က ဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း အသုံးမပြုတဲ့အားသွင်းခေါင်းတွေကို စွန့်ပစ်ရာကနေ ခန့်မှန်းခြေ e-waste တန်ချိန် ၁ သောင်း ၁ ထောင်နီးပါး ဖြစ်ပေါစေတယ်လို့ သိရပါတယ်။

အခုအဆိုပြုထားတဲ့ ဥပဒေအရ စားသုံးသူတွေဟာ မလိုအပ်တဲ့ အားသွင်းခေါင်းဝယ်ယူမှုတွေအတွက်ကျခံရမဲ့ငွေကြေးထဲက တစ်နှစ်ကို ယူရိုသန်း ၂၅၀ အထိ သက်သာသွားမယ်လို့ အီးယူက မျှော်လင့်ထားပါတယ်။ ဒီဥပဒေအတည်ဖြစ်သွားရင် အဓိကထိခိုက်မှုကြုံတွေ့လာနိုင်တာက သီးသန့် Lighting သုံးနေတဲ့ Apple နဲ့ iPhone, AirPods အသုံးပြုသူတွေပဲ ဖြစ်ပါတယ်။ MacBook နဲ့ iPad တို့က USB-C ပြောင်းနှင့်ပြီးသားဖြစ်တာကြောင့် ကျန် Device တွေကို Lighting ကနေ USB-C ကို ကူးပြောင်းဖို့ လိုအပ်လာတော့မှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena