Samsung electronics မှာ EVP နဲ့ Mobile Experience (MX) ဒီဇိုင်းအဖွဲ့ရဲ့ အကြီးအကဲဟာ Hubert H. Lee ဖြစ်လာပါတယ်။ အရင်တုန်းက Lee ဟာ Mercedes-Benz မှာ နှစ် ၂၀ကျော် အလုပ်လုပ်ခဲ့ဖူးပြီး မကြာသေးခင်ကတော့ Mercedes-Benz China ရဲ့ Chief Design Officer ဖြစ်ခဲ့ပါတယ်။

MX Design Team ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ Lee ဟာ ထင်ရှားကျော်ကြားတဲ့ Galaxy S နဲ့ Z series ဖုန်းတွေအပြင် Galaxy တက်ဘလက်တွေနဲ့ စမတ်နာရီတွေအပါအဝင် Samsung ရဲ့ Galaxy line တွေကို ကြီးကြပ်မယ်လို့ သိရပါတယ်။

“Samsung ဟာ မိုလ်ဘိုင်းလုပ်ငန်းကိုပြောင်းလဲစေတဲ့ ဒီဇိုင်းတွေနဲ့ ကမ္ဘာ့အလှဆုံး ထုတ်ကုန်တချို့ကိုတည်ဆောက်ခြင်းကြောင့် လူသိများပါတယ်။ နောက်ဆုံးပေါ် မိုဘိုင်းလ်ဆန်းသစ်တီထွင်မှုတွေရှိတဲ့ ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ဒီဇိုင်းအနုပညာနဲ့ မိုလ်ဘိုင်းအတွေ့အကြုံသစ်တွေကို ဖန်တီးဖို့ တာဝန်ရှိတဲ့ အဖွဲ့ကိုဦးဆောင်ဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ Lee က ပြောပါတယ်။

Hubert H. Lee ရဲ့ လက်ရာဟောင်းတွေကို ကြည့်မယ်ဆိုရင် သူဟာ ဒုတိယမျိုးဆက် Mercedes-Benz CLS (2012) ဒီဇိုင်းကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ Lee ဟာ ဒီဇိုင်းနဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုကို ကောင်းကောင်းသိနားလည်ထားသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Samsung ရဲ့ လာမဲ့ စမတ်ဖုန်းတွေကို ဘယ်လိုဒီဇိုင်းအသစ်အဆန်းတွေနဲ့ တွေ့မြင်ရမလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: Arenaev