Facebook Gaming ဟာ အခုအချိန်မှာ Streamer တွေအပြင် ပုံမှန်သူငယ်ချင်းအချင်းချင်းဆော့ကစားနိုင်တဲ့ Casual Game တွေအများအပြားရှိနေပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ Facebook Gaming ကို Facebook App ကနေပဲ ကြည့်ရှုနိုင်ပေမယ့် Facebook ကနေ သီးသန့် Gaming App တစ်ခုကို ထပ်ပြီးမိတ်ဆက်လိုက်ပါပြီ။

အဆိုပါ App ကိုတော့ Facebook Gaming လို့ပဲ နာမည်ပေးထားပြီးတော့ လက်ရှိအချိန်မှာ Google Play Store ကနေ ရယူ အသုံးပြုနိုင်ပါတယ်။ iOS အတွက်ကတော့ Apple ကနေ Approve ပြုလုပ်နိုင်တာနဲ့ အသုံးပြုနိုင်မယ်လို့ Facebook ကနေ ပြောကြားခဲ့ပါတယ်။

အဆိုပါ Facebook Gaming ကနေ Game Streaming တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Casual Game တွေကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကိုယ့်အကြိုက်ဆုံး Streamer တွေနဲ့လည်း ချိတ်ဆက်နိုင်မှာဖြစ်သလို ဖုန်းထဲမှာရှိတဲ့ Mobile Game တွေကိုလည်း အဆိုပါ App ကနေတစ်ဆင့် Facebook Page ကို Streaming ပြုလုပ်နိုင်ဦးမှာပါ။

Facebook အနေနဲ့အခုလိုမျိုး သီးသန့် App ပြုလုပ်ရတာဟာ လက်ရှိအကြီးဆုံး Game Streaming Service တစ်ခုဖြစ်တဲ့ Twitch နဲ့ YouTube Gaming ကို ယှဥ်ပြိုင်ချင်တာကြောင့်ဖြစ်နိုင်ပါတယ်။ လောလောဆယ်မှာ Twitch ကတော့ Mobile App ကို ဆက်လက်အသုံးပြုနိုင်ပေမယ့် YouTube Gaming ကတော့ ၄ နှစ်သက်တမ်းအကြာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ App ကို ပြန်လည်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် App အနေနဲ့ သီးသန့်ဖြစ်လာတဲ့ Facebook Gaming က အောင်မြင်လာနိုင်မလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref – Engadget