လက်ရှိအချိန်မှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook ၊ Messenger နဲ့ Instagram တို့ဟာ Privacy ပိုင်းမှာ အခုထိကို လိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကနေ လောလောဆယ်မှာ Messenger နဲ့ Instagram Message တွေအတွက် End-to-End Encryption Mode ကို သီးသန့်အနေနဲ့ စတင် Support ပေးနေပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Guardian Media ရဲ့ အဆိုအရ Meta ကုမ္ပဏီဟာ Messenger နဲ့ Instagram Messaging System အတွက် End-to-End Encryption ကို Default အနေနဲ့ သတ်မှတ်ပေးဦးမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ အခုလိုမျိုး Default အနေနဲ့ End-to-End Encryption ကို သတ်မှတ်နိုင်ဖို့အတွက် အနည်းဆုံး ၂၀၂၃ ခုနှစ်အထိ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Meta ရဲ့ Head of Safety ဖြစ်တဲ့ Antigone Davis ရဲ့ ပြောကြားချက်အရတေ့ာ အခုလိုမျိုး End-to-End Encryption စနစ်ကို Default အနေနဲ့ သတ်မှတ်ဖို့ နှောင့်နှေးလိုက်ရတာဟာ အသုံးပြုသူတွေရဲ့ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ စတင်စမ်းသပ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပေမယ့် ၂၀၂၃ ခုနှစ်အတွင်းမှပဲ မိတ်ဆက်သွားဖို့ အဓိကစီစဥ်နေတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ အခုလိုမျိုး End-to-End Encryption ကို Default အနေနဲ့ ထည့်သွင်းသွားမယ်ဆိုရင် ပေးပို့သူနဲ့ လက်ခံရရှိသူ ၂ ဦးကပဲ သိရှိနိုင်တော့မှာဖြစ်ပြီး တကယ်လို့ တရားမဝင်တဲ့ အချက်အလက်တွေကို ပြောကြားနေရင်တောင်မှ သိရှိနိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Meta ကုမ္ပဏီဟာ အဆိုပါ လုံခြုံရေးအခြေအနေတွေအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ End-to-End Encryption ဟာ Messaging App တွေမှာ မရှိမဖြစ်လိုအပ်တဲ့ Feature တစ်ခုဖြစ်လာပြီးတော့ Signal ၊ WhatsApp နဲ့ Telegram လိုမျိုး Messaging App တွေက End-to-End Encryption ကို အကောင်းဆုံး Support လုပ်တာကြောင့် အောင်မြင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Facebook အနေနဲ့ အခုလိုမျိုး နှောင့်နှေးလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge