Facebook ရဲ့ Messenger ဟာ လူကြိုက်များတဲ့ Messaging app တွေထဲက တစ်ခုဖြစ်ပါတယ်။ Facebook ဟာ Messenger အတွက် လုပ်ဆောင်ချက်အသစ်တွေကို ထုတ်ပေးနေတာကိုလည်းတွေ့ရပါတယ်။ အခုလည်း Facebook ရဲ့ ပလက်ဖောင်းတွေကြား စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုကို ထုတ်ပေးလိုက်ပြန်ပါပြီ။

အခုထုတ်ပေးတဲ့ Feature သစ်အရ Messenger နဲ့ Facebook ပိုင်အခြား App ကြား Cross-app group chat ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Messenger နဲ့ Instagram ကြားမှာ အပြန်အလှန် Cross-app chat ပြုလိုက်နိုင်သလို၊ Messenger ရဲ့ နောက်ဆုံးဗားရှင်းမှာတော့ Instagram contact တွေကိုပြသပြီး App ထဲကနေ ထွက်စရာမလိုဘဲ Chat နိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ အသုံးပြုသူဟာ Messenger နဲ့ Instagram တွေပါဝင်တဲ့ Group chat ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုရင် App နဲ့ မဆိုင်တဲ့ Typing indicator ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Update ကို ဖြန့်ချိနေပြီဖြစ်ပေမဲ့ အသုံးပြုသူတိုင်းဆီရောက်ရှိဖို့တော့ စောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။

Update အသစ်မှာ Messenger အနေနဲ့ Cross-app group chat လုပ်နိုင်တဲ့ လုပ်ဆောင်ချက်အပြင် အခြားထူးထူးခြားခြားမပါဝင်ခဲ့သလို၊ Instagram မှာလည်း လုပ်ဆောင်ချက်အသစ် အချို့ပဲရရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ Instagram DMs မှာ Polls ကို အသုံးပြုနိုင်ပါပြီ။ ဒါဟာ Messenger မှာ အချိန်အတော်ကြာကတည်း အသုံးပြုနိုင်ပြီးသားလည်း ဖြစ်ပါတယ်။

Instagram အသုံးပြုသူတွေဟာ Messenger ရဲ့ Watch Together feature လိုပဲ Reels နဲ့ IGTV ဗီဒီယိုတွေကို ကြည့်ရှုဖို့အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Ref: Phone Arena