Facebook က iOS ရဲ့ Messenger App ကို အကြီးစား ဆန်းသစ်မွမ်းမံလိုက်ပါတယ်။ ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်ကတည်းက Project LightSpeed စီမံကိန်းကို စတင် ပြုလုပ်ခဲ့ပြီး Code တွေကို ပြန်ရေးခဲ့တာပါ။ ရည်ရွယ်ချက်က App ကို ပိုမြန်အောင် လုပ်ဖို့ပါ။

အခုတော့ Facebook က အရင်ကထက် App ကို ဖွင့်ရင် ၂ ဆ ပိုမြန်လာပြီး အရွယ်အစားကိုလည်း လေးပုံတစ်ပုံအထိ လျှော့ချထားတယ်လို့ ပြောပါတယ်။ Messaging Apps တွေကို လူတွေ တစ်နေ့တာအတွင်း အကြိမ်များစွာ ဖွင့်တဲ့အတွက်  မြန်မြန် အလုပ်လုပ်ဖို့လိုတယ်ဆိုတာ ကုမ္ပဏီက နားလည်ထားပါတယ်။

iOS ရဲ့ Messenger App ဟာ အခုဆိုရင် အရင်ကထက် ပိုမို ရှင်းလင်းလာပါတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်တွေက အရမ်းများပါတယ်။ Facebook အင်ဂျင်နီယာတွေက လူတွေ အသုံးပြုရ ပိုကောင်းအောင် ဖန်တီးပေးနေကြပြီး Contact List ကိုလည်း 40 Versions ကနေ ၁ ခုထဲ အဖြစ် လျှော့ချလိုက်တဲ့အတွက် သုံးရတာ ပိုရိုးရှင်းလာပါတယ်။

Messenger ရဲ့ Core Code တွေကို စာကြောင်းရေ ၁.၇ သန်းကနေ ၃၆၀,၀၀၀ အထိတောင် လျှော့ချနိုင်ခဲ့တဲ့အတွက် အရင်ကထက် အရမ်းပေါ့ပါး သွက်လက်လာပါတယ်။ Code တွေ လျှော့ချလိုက်တဲ့အတွက် တချို့ လုပ်ဆောင်ချက် အသေးအမွှားတွေကို ယာယီ သုံးလို့ မရသေးပါဘူး။ မကြာခင်မှာ ပြန်သုံးနိုင်မယ်လို့ ထင်ပါတယ်။

Ref : gsmarena