Facebook က ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ လိုင်းကျမှုကို ပြင်ဆင်ပြီပြီလို့ ပြောပါတယ်။ Facebook က Configuration ပြောင်းလဲမှုကြောင့် ၂ နာရီလောက် လိုင်းကျသွားခဲ့တာ ဖြစ်ပြီး ကမ္ဘာအဝန်းမှာ Facebook, Instagram , Messenger နဲ့ Workplace တို့ အသုံးပြုလို့ မရခဲ့ပါဘူး။

Facebook, Instagram & WhatsApp outrage: Cyber experts think the shutdown  was caused by BGP. What it means - The Economic Times

Facebook က “ လိုင်းကျမှုကြောင့် နာရီ အနည်းငယ်လောက် ကျွန်တော်တို့ ထုတ်ကုန်တွေကို အသုံးပြုလို့ မရတဲ့အတွက် တောင်းပန်ပါတယ်။ လူတွေ ဆက်သွယ်ဖို့ ကျွန်တော်တို့အပေါ် ဘယ်လောက်အထိ မှီခိုနေရသလဲဆိုတာ နားလည်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်ပြီး ဒီ ၁ ပတ်ထဲမှ ဒုတိယ အကြိမ် လိုင်းကျခဲ့လို့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာကို တောင်းပန်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

My Word: Facebook outage and outrage - The Jerusalem Post

ဒီ ၁ ပတ်အတွင်း ပထမအကြိမ် လိုင်းကျမှုဟာ တနင်္လာနေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Facebook , Instagram , WhatsApp, Messenger နဲ့ Oculus တို့ကို ၆ နာရီလောက် အသုံးပြုလို့ မရခဲ့ပါဘူး။ Facebook က ကမ္ဘာအဝန်းရှိ ကုမ္ပဏီရဲ့ ဒေတာ စင်တာတွေကို ဆက်သွယ်ထားတဲ့ Backbone ပိတ်သွားတာလို့ ရှင်းပြပါတယ်။

Facebook ဝန်ထမ်းတွေ အသုံးပြုတဲ့ Internal System တွေပါ ပြတ်သွားတာ ဖြစ်ပြီး အချင်းချင်း ဆက်သွယ်ဖို့အတွက် ကုမ္ပဏီက ပံ့ပိုးပေးထားတဲ့ Outlook အကောင့်တွေကို အသုံးပြုခဲ့ရပါတယ်။ Facebook က သောကြာနေ့ လိုင်းကျမှုဟာ တနင်္လာနေ့နဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။

Ref : theverge