Facebook ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Social Network တစ်ခုဖြစ်သလို Facebook က ပိုင်ဆိုင်တဲ့ Instagram နဲ့ Messenger တို့ကလည်း အသီးသီး အသုံးပြုသူတွေများပြားနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Facebook ကနေ ဒီ Service ၃ ခုကို ထိန်းချုပ်ရလွယ်ကူအောင် ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဒါကတော့ Accounts Center လို့ နာမည်ပေးထားတဲ့ Feature တစ်ခုဖြစ်ပြီး တစ်နေရာထဲကနေ Facebook ၊ Instagram နဲ့ Messenger တွေကို အလွယ်တကူထိန်းချုပ်နိုင်မှာပါ။ အဆိုပါ Accounts Center ကနေ အဓိကအနေနဲ့ Post တွေ၊ Stories တွေကို ၃ နေရာလုံးမှာ တပြိုင်တည်းတင်နိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အသုံးပြုသူတွေအနေနဲ့ Accounts Center မှာ Profile Details တွေကို Sync ပြုလုပ်ထားနိုင်ပြီး တစ်နေရာမှာ Profile သို့မဟုတ် နာမည်ပြောင်းလိုက်တာနဲ့ ကျန်တဲ့နေရာတွေမှာပါ အလွယ်တကူပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဥပမာ Facebook Profile ဓါတ်ပုံပြောင်းလိုက်တာနဲ့ Instagram Profile မှာပါ အလားတူဓါတ်ပုံပဲ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

နောက်ပိုင်းမှာ Facebook ကနေ Facebook Marketplace နဲ့ Instagram Ads တွေကနေ ဝယ်ယူမှုတွေအတွက် Payment Information တွေကိုလည်း Accounts Center မှာသိမ်းဆည်းပေးနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ Facebook Pay ဟာ US မှာပဲ အသုံးပြုနိုင်တဲ့အတွက် နိုင်ငံတိုင်းမှာတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Facebook ရော Instagram မှာပါ Social Media အတွက် ဓါတ်ပုံတွေ၊ Post တွေ ပြိုင်တူတင်နေကြသူတွေအတွက်ကတော့ ယခု Accounts Center Feature က တော်တော်လေးကို အသုံးဝင်လာမှာပါ။ Facebook ကတော့ ဘယ်အချိန်မှာ တရားဝင်အသုံးပြုနိုင်မလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် စတင်စမ်းသပ်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – The Verge