Unicode

မကြာခင်မိတ်ဆက်လာမယ်လို့ ယူဆရတဲ့ Galaxy Tab A4s ဟာ မော်ဒယ်နံပါတ် SM-T307U နဲ့ Bluetooth SIG အဖွဲ့အစည်းရဲ့ အတည်ပြုချက်ကို အရင်ဆုံးရယူခဲ့ပါတယ်။ ယနေ့မှာတော့ FCC ဝက်ဆိုက်မှာပါ ထပ်မံထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ Specs အချို့ကို ဖော်ပြလာခဲ့တယ်။

FCC မှာဖော်ပြချက်အရတော့ Samsung Galaxy Tab A4s မှာ 8.39” လက်မအရွယ် Display တစ်ခုပါဝင်ပါတယ်။ သူ့ရဲ့ကိုယ်ထည်အချိုးက 201.9 x 124.4 ဖြစ်ပြီး 4,860 mAh ဘက္ထရီကို 15W အားသွင်းစနစ်နဲ့ တွဲဖက်ထားတယ်။ သူ့ရဲ့ နက်ဝပ်ချိတ်ဆက်နိုင်စွမ်းက Bluetooth, Wifi a/b/g/n/ac, GPS, ANT+, LTE နဲ့ WCDMA တို့ဖြစ်ပါတယ်။

ဒီတက်ဘလက်ဟာ နိုဝင်ဘာလတုန်းက တူညီတဲ့ မော်ဒယ်နံပါတ်နဲ့ပဲ သတင်းတစ်ခါ ထွက်ခဲ့ပြီး ထိုစဉ်က Android 9.0 Pie OS အသုံးပြုလာမယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ့မှာ Exynos ပရိုဆက်ဆာတစ်ခုနဲ့ 32GB Storage တို့ ပါဝင်မှာပါ။ ဒီ Specs တွေကို ကြည့်ရင်တော့ Tab A4s ဟာ ဘတ်ဂျက်ရွေးချယ်မှုတစ်ခု ဖြစ်ဖို့များပါတယ်။

Ref – Gizmo China

Zawgyi




Ref – Gizmo China