အီတလီကားကုမ္ပဏီတစ်ခုဖြစ်တဲ့ FIAT ဟာ တကမ္ဘာလုံးမှာ ပထမဆုံးအနေနဲ့ Metaverse Showroom အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ FIAT ရဲ့ ပြောကြားချက်အရတော့ Metaverse ကို အခြေခံထားတဲ့ Car Showroom တွေဟာ အသုံးပြုသူတွေအတွက် Experience ပိုင်းကို လုံးဝပြောင်းလဲပေးနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Metaverse Car Showroom ကို မိတ်ဆက်လိုက်တယ်ဆိုပေမယ့် ဒါက Meta ကုမ္ပဏီရဲ့ Metaverse နဲ့ ချိတ်ဆက်ထားခြင်းမရှိသလို ဝင်ရောက်လေ့လာဖို့အတွက် VR Headset လည်းရှိဖို့ မလိုအပ်ပါဘူး။ FIAT ရဲ့ ပြောကြားချက်အရတော့ အခု Metaverse Showroom ကို Touchcast နဲ့ Microsoft တို့ကနေ ပူးပေါင်းပြီး ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

FIAT ရဲ့ Metaverse Car Showroom ကို ယခု Website Link (https://www.fiat.it/fiat/virtual-store) ကနေ ဝင်ရောက်ပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ အဆိုပါ Car Showroom အတွင်းမှာ FIAT 500 La Prima by Bocelli EV ကားကိုပဲ ပြသထားပြီး ကားအကြောင်းမေးမြန်းချင်တဲ့မေးခွန်းတွေကို ဖြေကြားဖို့အတွက် FIAT ရဲ့ Product Genius တစ်ယောက်ကို ထားရှိသွားမှာဖြစ်ပါတယ်။

FIAT Metaverse Car Showroom မှာ ကားကို 360-Degree View တွေကြည့်ရှုနိုင်မှာဖြစ်သလို အတွင်းခန်းတွေ၊ Infotainment System အပြင် တခြားသော Driving Mode တွေ၊ EV Charging Mode တွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော အရောင်တွေ၊ Interior ပြောင်းလဲမှုတွေကိုပါ Real-time အနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး EV လျှပ်စစ်ကားတွေ ခေတ်စားလာတဲ့အချိန်မှာ Metaverse ကို အခြေခံထားတဲ့ Car Showroom တွေကလည်း နောက်ပိုင်းမှာ ခေတ်စားလာနိုင်ပြီး ကိုယ့်အိမ်ကနေပဲ ကားအကြောင်းကို အသေးစိတ်လေ့လာနိုင်တော့မှာဖြစ်ပါတယ်။

Ref – Arena EV