ပထမဆုံး FLO Ultra DC Fast Charger ကို ကုမ္ပဏီရဲ့ Auburn Hills, Michigan မှ စက်ရုံမှာ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး စွမ်းရည်မြင့်မားတဲ့ လျှပ်စစ်ကား အားသွင်းစက် ဖြစ်ပါတယ်။

320 kW FLO DC Fast Charger မှာ Dual-port Power Configuration ထည့်သွင်းထားပါတယ်။ ကုမ္ပဏီက အမေရိကန် အစိုးရရဲ့ အမျိုးသား လျှပ်စစ်ကား အခြေခံအဆောက်အဦး စီမံကိန်း (NEVI) စံနှုန်းတွေနဲ့ ကိုက်ညီအောင် အားသွင်းစက်ကို ဖန်တီးထားပါတယ်။ အဲဒီ အားသွင်းစက်ဟာ လျှပ်စစ်ကားကို ၁၅ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Flo “ultra-fast” electric vehicle charger expected in 2024 - Electrical  Business

FLO Ultra DC Fast Charger မှာ မော်တာ အသုံးပြု အားသွင်းကြိုးစီမံခန့်ခွဲတဲ့ စနစ် ပါပါတယ်။ EZLift စနစ်ဟာ ရှည်လျားတဲ့ အားသွင်းကြိုးကို ထုတ်လုပ်ပေးနိုင်ပြီး လျှပ်စစ်ကားရဲ့ အားသွင်း Port ဟာ ဘယ်ဘက်မှာပဲ ရှိနေရှိနေ အလွယ်တကူ အားသွင်းပေးနိုင်ပါတယ်။ မော်တာ စနစ်က ကြိုးကို ပေါ့ပါးစေပြီး သယ်ဆောင်ရတာ လွယ်ကူစေပါတယ်။

FLO ရဲ့ ထုတ်လုပ်ရေးဌာနမှ အရာရှိ Martine St-Onge က “ လျှပ်စစ်ကား ပိုင်ရှင်တွေအတွက် အားသွင်းစက်ကို လုံလုံလောက်လောက် ရောင်းချပေးနိုင်ဖို့ ထုတ်လုပ်မှုကို တိုးမြှင့်မှာပါ။ အမေရိကန်တစ်လွှားမှာ FLO Ultra Charger ကို တိုးချဲ့ တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : electrek