Digital Supply Chain Consultants (DSCC) ရဲ့ ခန့်မှန်းချက်အရ Foldable စမတ်ဖုန်း ရောင်းအား သိသိသာသာ တိုးတက်လာမှာပါ။ Foldable ဖုန်းတွေ ပေါ်နေတာ နှစ်အနည်းငယ် ရှိပြီ ဖြစ်ပေမယ့် ၂၀၂၃ ခုနှစ်ဟာ တကယ်လူကြိုက်များတဲ့ နှစ် ဖြစ်လာမှာပါ။ နောက်ဆုံး သတင်းတွေအရ Samsung ရဲ့ Foldable ဖုန်း ရောင်းအားဟာ ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း မျှော်မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းအလုံးရေ ၅.၂ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဒီထက် ရောင်းအား ပိုကောင်းလာမှာပါ။

Samsung Galaxy Z Fold 4

ဒါပေမယ့် Samsung အတွက်တော့ အခြေအနေ မကောင်းနိုင်ပါဘူး။ စစ်တမ်းအရ Samsung ဟာ ၂၀၂၂ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ရောင်းအားကျခဲ့ပါတယ်။ ကုမ္ပဏီရဲ့ Foldable ဖုန်း ရောင်းအားဟာ ၂၀၂၂ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လနဲ့ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ရောင်းအားကျဆင်းတာဟာ Samsung အတွက်ပဲ ဖြစ်ပြီး Foldable ဖုန်း ဈေးကွက်က ၂၀၂၃ ခုနှစ်မှာ တိုးတက်လာမှာပါ။

Foldable smartphones

Samsung ရဲ့ ရောင်းအားဟာ ၂၀၂၃ ခုနှစ်မှာ ဒီထက် နည်းသွားမှာ ဖြစ်ပေမယ့် Foldable ဖုန်းတွေက လူကြိုက်ပိုများလာမှာပါ။ ဘာလို့လဲဆိုတော့ Foldable ဖုန်းတွေထုတ်တဲ့ ကုမ္ပဏီတွေ များလာလို့ ဖြစ်ပါတယ်။ DSCC က Google လို ကုမ္ပဏီတွေဟာ Foldable ဖုန်းကို ၂၀၂၃ ခုနှစ်မှာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး OPPO, Xiaomi , vivo နဲ့ Motorola တို့ကလည်း Foldable ဖုန်းတွေကို ရောင်းချလာကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ Foldable ဖုန်း ထုတ်တဲ့ ကုမ္ပဏီတွေ ပိုများလာမှာပါ။

Google ရဲ့ Foldable Pixel ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ထွက်လာနိုင်ပါတယ်။ Apple က Foldable iPad ကို ထုတ်လုပ်မယ်လို့ သတင်းထွက်နေပေမယ့် ၂၀၂၄ ခုနှစ်ကျမှ ကြေညာနိုင်ပါတယ်။

Ref : gizchina