အမေရိကန် ကားထုတ်လုပ်သူ Ford Motor ကုမ္ပဏီက NFT နဲ့ Metaverse နယ်ပယ်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး Trademark Application ၁၉ ခုကိုမှတ်ပုံတင်ထားပါတယ်။

United States Patent and Trade Office (USPTO) လိုင်စင် Trademark ရှေ့နေ Mike Kondoudis က Ford ဟာ Mustang, Bronco, Lincoln, Explorer နဲ့ F-150 Lightning အပါအဝင် ကား Brand များစွာကို ကိုယ်စားပြုတဲ့ Trademark Application ၁၉ ခုကို မှတ်ပုံတင်ထားတယ်လို့ ပြောပါတယ်။

အဲဒီ Trademark Application ထဲမှာ Virtual ကား၊ ထရပ်၊ ဗင်၊ SUVs နဲ့ အဝတ်အထည်တွေ ပါဝင်ပြီး NFT အတွက် အွန်လိုင်း ဈေးကွက်ကို တည်ထောင်ဖို့ မှတ်ပုံတင်ထားပါတယ်။

Ford is getting ready to join the Metaverse with virtual automobiles and NFTs - NFT News Pro

စက်တင်ဘာလ ၂ ရက်နေ့က Ford မှတ်ပုံတင်ထားတဲ့ USPTO စာရွက်စာတမ်းတွေအရ Ford ဟာ ကား၊ SUVs ၊ ထရပ်နဲ့ ဗင်တွေ ပါတဲ့ အနုပညာလက်ရာ၊ စာသား၊ အသံ၊ ဗီဒီယိုတွေကို ဖန်တီးဖို့ စီစဉ်နေပြီး အဲဒါတွေကို Download လုပ်လို့ရအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Ford ဟာ ဝက်ဘ်ဆိုက် ၁ ခုကနေ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို အရောင်းမြှင့်တင်နိုင်တဲ့ ဈေးကွက် ၁ ခုကို ဖန်တီးဖို့ ရည်ရွယ်ထားပြီး NFT နဲ့ ဒစ်ဂျစ်တယ် Collectible တွေ ပါဝင်ပါတယ်။

Nissan, Toyota နဲ့ Hyundai တို့လို ကားကုမ္ပဏီတွေဟာ Metaverse နယ်ပယ်ထဲဝင်ရောက်မယ့် အစီအစဉ်ကို ကြေညာထားပြီး Bentley နဲ့ Lamborghini တို့လို တန်ဖိုးကြီး ကား ထုတ်လုပ်သူတွေက NFT Collection ကို ဖြန့်ချိထားပါတယ်။

Ref : cointelegraph